spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းမွန်နှင့် တနင်္သာရီ ခရီးသွားများအတွက် KNLA  သတိပေးချက်ထုတ်ပြန်

    မွန်နှင့် တနင်္သာရီ ခရီးသွားများအတွက် KNLA  သတိပေးချက်ထုတ်ပြန်

    -

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ် (မြိတ်) အမှတ် ၈ လမ်းမကြီးတ‌လျှောက် သွားလာနေကြသော ပြည်သူများနှင့် မော်တော်ယာဉ်များအနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့နှင့် ပတ်သက်သည့် ပစ္စည်းများ တင်ဆောင်ခြင်းလုံးဝမပြုရန်အပါအဝင် အချက် ၄ ချက်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အမှတ် (၆) တပ်မဟာက ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

    ထုတ်ပြန်ချက်တွင် ဇွန်လ ၁၅ ရက်နေ့မှစပြီး မွန်၊ တနင်္သာရီ မြို့နယ် ၆ မြို့နယ်နှင့် အမှတ် ၈ လမ်းမကြီးတလျှောက်တွင် သွားလာနေသော ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များအနေဖြင့် KNLA မှ ရပ်တန့်သည့်အခါ ကြည်ဖြူစွာ ရပ်တန့်၍ အစစ်ဆေးခံရန်၊ မော်တော်ယာဉ်များပေါ်တွင် စစ်ကောင်စီနှင့် ပတ်သက်သည့် လူဖြစ်စေ၊ ရုပ်ဝတ္ထုပစ္စည်းဖြစ်စေ တင်ဆောင်ခြင်း လုံးဝ မပြုလုပ်ရန်၊ ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ယာဥ်ပေါ်စီးနင်းလိုက်ပါခြင်း လုံးဝမပြုလုပ်ရန်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ယာဉ်များအနေနှင့်လည်း ကြည်ဖြူစွာ ရပ်တန့်အစစ်ဆေးခံရန်ဆိုသည့်အချက်များ ပါရှိသည်။

    အဆိုပါ အမှတ် (၈) လမ်းမကြီးတစ်လျှောက် ထိုးဖောက်ထိန်းချုပ်လှုပ်ရှားနေပြီးဖြစ်သည့်အတွက် ခရီးသွားပြည်သူလူထုများ ထိခိုက်နစ်နာ ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် ယခုလို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုထားသည်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူလူထုအား အကာအကွယ်ယူ၍ သွားလာ အသုံးပြုနေကြသည့်အတွက် ယခုလို အမိန့်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

    အမိန့်ထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိဘဲ တစုံတရာ ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မည်သည့် ကိစ္စမျိုးကိုမဆို KNLA အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks