spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမြန်မာနိုင်ငံရေးမှာ ရုရှားနိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကို ကန့် ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ထုတ်ပြန်

    မြန်မာနိုင်ငံရေးမှာ ရုရှားနိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကို ကန့် ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ထုတ်ပြန်

    -

    ရုရှားနိုင်ငံအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အတွက် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ပေးခြင်း အပါအဝင် မြန်မာစစ်တပ်အား စစ်လက်နက်ပစ္စည်းများနှင့် စစ်ထောက်လှမ်းရေးအတွက် အကူအညီပေးနေခြင်းများသည် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုနှင့် လူ့ အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ရာတွင် အားပေးခြင်း ဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ၏ ဦးဆောင်အဖွဲ့ အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC) မှ ထုတ်ပြန်ကြေညာသည်။

    ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ရုရှားအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ် ဇွန်လ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံအား လက်နက်မရောင်းရန် သဘောတူညီချက်ကို လက်မှတ်မရေးထိုးပဲ မြန်မာနိုင်ငံအား စစ်လက်နက်ပစ္စည်းများ ဆက်လက်ရောင်းချနေကြောင်း ဖော်ပြထားသည်။

    ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေးအထူးကိုယ်စားလှယ် ‘သောမတ်အင်ဒရူး’ ၏ လွန်ခဲ့သည့် မေလတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်မှ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ လက်နက်ပစ္စ္စည်းများ ဝယ်ယူခဲ့ပြီး အများစုမှာ ရုရှားနိုင်ငံမှ ဝယ်ယူခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သည့် စစ်ကိုင်းတိုင်း ပဇီကြီးရွာတိုက်ခိုက်မှုတွင် ရုရှား M-15 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ပြီး ကလေးသူငယ်အပါအဝင် အပြစ်မဲ့ပြည်သူ (၁၆၀) ဦးခန့် သေဆုံးကြောင်း ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားပါသည်။

    NUCC ၏ ထုတ်ပြန်ကြေညာချက်တွင် ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအတွင်းသို့ မတရားကျူးကျော် ဝင်ရောက်ပြီး နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သကဲ့သို့ မြန်မာနိုင်ငံ ပြည်သူများအပေါ် ဆိုးရွားစွာ အကြမ်းဖက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှုတို့ ကို ကျူးလွန်နေသည့် စစ်အုပ်စုအား ဆက်ဆံနေခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရန် အားပေးနေခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ လူအစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပိုမိုကျူးလွန်နိုင်ရန် ရုရှားနိုင်ငံအနေဖြင့် တဖက်တလမ်း ဖန်တီးပေးနေခြင်း ဖြစ်သည်ဟု ထပ်မံဖော်ပြနေပါသည်။

    ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းရေးကို ဗြောင်ဗြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခြင်းအပြင် မြန်မာနိုင်ငံပြည်သူများ ရင်ဆိုင်နေရသည့် အသက်အန္တရာယ်နှင့် ဆင်းရဲဒုက္ခသည်ကို ပိုမိုခက်ခဲရှည်ကြာအောင် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ အပြင်းအထန် ရှုတ်ချကြောင်း ဖော်ပြထားပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks