spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းနှစ်ကရင်ကျေးရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေ၊ နေအိမ် ၂ လုံး ပျက်ဆီး

    နှစ်ကရင်ကျေးရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေ၊ နေအိမ် ၂ လုံး ပျက်ဆီး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာတွင် ဇွန်လ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးကာ နေအိမ် နှစ်လုံး ပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ယနေ့ နံနက် ၉ နာရီအချိန်ခန့်က နှစ်ကရင်ကျေးရွာအတွင်းသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ် ၃ ချက် ပစ်ဖောက်ကာ ဝင်ရောက်လာပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးနေဝင်းမြင့်ကို ဖမ်းဆီးခေါ်‌ဆောင်သွားခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။

    ထိုအချိန်တွင် နှစ်ကရင်ကျေးရွာနှင့် မော့ကနင်ရွာသစ်ကြားရှိ ဝယ်ဖယ်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီအမြောက်တပ်မှ နှစ်ကရင်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

    စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် နှစ်ကရင်ကျေးရွာ ရပ်ကွက် ၅ ရှိ တရုတ်သင်္ချိုင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းအနီးတွင် နေထိုင်သည့်  အသက် ၂၅ နှစ်အရွယ် ရွှေ့ပြောင်းအလုပ်သမား မတင်ကြီးဆိုသည့် အမျိုးသမီး ကျည်စထိမှန် သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “မနက် ၉ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့  ၂ လုံး ဆက်တိုက်ပစ်တယ်။ နှစ်ကရင်ကျေးရွာ ရပ်ကွက် ၅ မှာရှိတဲ့ တရုတ်သင်္ချိုင်းအနီးမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတဲ့အတွက် အဲ့ဒီနေရာအနီးမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ရွေ့ပြောင်းအလုပ်သမတစ်ဦးဖြစ်တဲ့ မတင်ကြီးက လက်နက်ကြီးကျည်စထိမှန်ပြီးဒဏ်ရာရပြီး ဆေးရုံပို့တဲ့အချိန်မှာ သေဆုံးသွားတယ်။ နေအိမ် ၂ လုံးက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ပျက်ဆီးသွာတယ်” ဟု ပြောသည်။

    နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်ကလည်း တရုတ်သင်္ချိုင်းအနီးတွင် လက်နက်ကြီးကျည်တစ်လုံး ထပ်မံ ကျရောက်ပေါက်ကွဲခဲ့သေးကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

    နှစ်ကရင်ကျေးရွာ ရပ်ကွက် ၅ ရှိ တရုတ်သင်္ချိုင်းအနီးတွင် ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းကတည်းက အမည်မသိလက်နက်ကိုင်အဖွဲ့ဝင်များ ရောက်ရှိနေပြီး ကျေးရွာအတွင်း လှုပ်ရှားသွားလာနေခဲ့ကြောင်း  ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

    “ရွာမှာကလည်း စစ်တပ်လည်းမရှိဘူး။ ရဲကင်းစခန်းရှိပေမယ့် ရဲတွေမနေတော့တာ ၆ လ လောက်ရှိသွားပြီး။ နောက်ပြည်သူ့စစ်တွေလည်းမရှိဘူး။ ဒီနေ့မှာလည်း တိုက်ပွဲမဖြစ်ပါဘူး” ဟု ၎င်းရွှေ့ပြောင်းလုပ်သားက ပြောသည်။

    လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်းမြင့်လည်း နေ့လည်ပိုင်းအချိန်ခန့်က နေအိမ်သို့  ပြန်လည်ရောက်ရှိလာပြီးဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြောင့်လည်း လူထိခိုက်သေဆုံးမှုရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks