spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ်စွဲထားသည့် နေရာ ၅ ခုကို KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်ဖျက်ဆီး

    စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၅ ခုကို KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်ဖျက်ဆီး

    -

    ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော နေရာ ၅ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၃ လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တို့က တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်စွဲထားသည့်  ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတားထိပ်ရှိရဲနှင့် ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း (တံတားအနောက်ကင်း) နှင့် ဘုံသတောစခန်းတို့ကို ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီမှ ၇ နာရီအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    ၎င်းပြင် စစ်ကောင်စီတပ် ထောက်ပို့လမ်းကြောင်းများဖြစ်သည့် နတ်သံကွင်းတံတား၊ အုန်းနဲပင်နှင့် နယွဲပင်ကြားရှိ တံတားနှင့် သာစည်နှင့် တာဆုံကြားရှိ တံတား စုစုပေါင်း ၃ စင်းကိုလည်း ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၄၀ ဦး သေဆုံးကာ၊ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ၄ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

    စစ်ကောင်စီတပ်ဆီမှ G3-၁လက်၊ MA1-၁လက်၊ MA3-၁လက်၊ MA4-၁

    လက်၊ MA ကျည်တောက်-၁၀ ခု၊ MA ကျည်-၃၈၄ တောင့်၊ M16 ကျည်ဘောက်-၁ ခု၊ စကစယူနီဖောင်း-၆ စုံ၊ M14 မိုင်း-၆၀ လုံး၊ ကျောပိုးအိတ်-၆ လုံး၊ 79 ကျည်-၁ လုံး၊ မိုင်းရှာစက်-၂ စုံ၊ ယမ်းကူး-၁၅ ခု၊  ငွေ ၄၈၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း ဆိုထားသည်။

    စခန်းများ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်မှ နံနက် ၆ နာရီ မိနစ် ၂၀ ခန့်မှစကာ တွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ခန့်ပြုလုပ်ခဲ့သည့်အပြင် စစ်ကောင်စီတပ်များသည် စစ်တောင်းမြစ် အနောက်ဘက်ကမ်းမှနေ၍ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လျှက်ရှိသည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

    ထိုသို့ ကျေးရွာများအတွင်း လေကြောင်းဖြင့် ပစ်ခတ်တိုက်နေခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် လယ်ဒိုမြို့နယ်အတွင်းရှိ နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ ဝါးပင်စု၊ သောင်ပု စသည့်ကျေးရွာများနှင့် မူးမြို့နယ်ရှိ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ ဥသျှစ်ခင်၊ အုန်းပင်စု၊ သပြေကုန်း စသည့်ကျေးရွာများမှ ဒေသခံ ၄၅၀၈ ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေကြရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

    ဇွန်လ ၇ ရက်နေ့ကလည်း တိုက်ခိုက်ဖျက်ဆီးခံထားရသည့် နတ်သံကွင်းတံတားနှင့် နတ်သံကွင်းမြို့ ရဲစခန်းအတွင်း ပြန်လည်ဝင်ရောက်တပ်စွဲသော စစ်ကောင်စီတပ်များမှ တံတားနှင့် ရဲစခန်းအနီးရှိ နတ်သံကွင်း ၂၊ ၃၊ ၆ ရပ်ကွက်ရှိ ပြည်သူလူထုများကို ရပ်ကွက်များအတွင်းမှ အတင်းအဓမ္မရွှေ့ပြောင်းစေခဲ့သည်ဟု ကေအဲန်ယူဗဟိုက ဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks