spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းယခုပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်း ကျောင်းအပ်နှံသူ ၅၀၀၀ ကျော် တိုးလာ

    ယခုပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်း ကျောင်းအပ်နှံသူ ၅၀၀၀ ကျော် တိုးလာ

    -

    မွန်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်သူ ၅၀၀၀ ကျော် တိုးလာကြောင်း ပြည်နယ်ပညာရေးဦးစီးဌာနရှိ ကျောင်းအပ်နှံမှုစာရင်းများအရ သိရသည်။

    ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်က မွန်ပြည်နယ်အတွင်း ကျောင်းအပ်နှံသူ ၃၁၃,၂၅၀ ဦး ရှိခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၃၁၈,၄၀၀ ဦးရှိကြောင်း ပြည်နယ်ပညာရေးဦးစီးဌာနရှိ စာရင်းများအရ သိရသည်။

    ယခုပညာသင်နှစ် ကျောင်းအပ်နှံမှုတွင် ရေးမြို့နယ်တစ်ခုသာ ကျောင်းအပ်နှံသူ သိသိသာသာတိုးလာခဲ့ပြီး ကျန်သည့်မြိုနယ်များတွင် ပုံမှန်အတိုင်း ဖြစ်ကြောင်း ပြည်နယ်ပညာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “မနှစ်ကနဲ့ အရမ်းကွာတာတော့ မရှိဘူး။ သိသာလာတာကတော့ ရေးမြို့နယ်ပဲ ကျောင်းအပ်နှံမှု မြင့်လာတယ်။ ကျန်တဲ့မြို့နယ်တွေကတော့ ပုံမှန်ပါပဲ” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် ပညာသင်နှစ်က ရေးမြို့နယ်၌ ကျောင်းအပ်နှံသူ စုစုပေါင်း ၂၉,၀၀၀ ဦးဝန်းကျင်သာ ရှိခဲ့ပြီး ယခုနှစ်တွင် ၃၄,၉၉၂ ဦး ရှိကြောင်း ဆက်ပြောသည်။

    ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျိုက်ထိုမြို့နယ်က ကျောင်းသား ကျောင်သူ  ၂၇,၄၇၆ ဦး၊ ဘီးလင်းမြို့နယ်က ကျောင်းသား ကျောင်းသူ  ၂၅,၆၉၂ ဦး၊ သထုံမြို့နယ်က ကျောင်းသား ကျောင်းသူ  ၃၃,၅၃၉ ဦး၊ ပေါင်မြို့နယ်က ကျောင်းသား ကျောင်းသူ ၄၁,၅၈၁ ဦး၊ မော်လမြိုင်မြို့နယ်က ကျောင်းသား ကျောင်းသူ ၅၃,၉၈၆ ဦး၊ ချောင်းဆုံမြို့နယ်က ကျောင်းသား ကျောင်းသူ ၂၂,၈၂၀ ဦး၊ ကျိုက်မရောမြို့နယ်က ကျောင်းသား ကျောင်းသူ ၁၉,၁၁၄ ဦး၊ မုဒုံမြို့နယ်က ကျောင်းသား ကျောင်းသူ ၃၁,၀၀၀ ဦး၊ သံဖြူဇရပ်မြိုနယ်က ကျောင်းသား ကျောင်းသူ  ၂၈,၂၀၀ ဦးနှင့် ရေးမြို့နယ်က ကျောင်းသား ကျောင်းသူ ၃၄,၉၉၂ ဦး စုစုပေါင်း ၃၁၈,၄၀၀ ဦး ကျောင်းအပ်နှံခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks