Homeသတင်းရေးမြို့နယ်တွင် PDF ၂ ဦး လက်နက်နှင့် အလင်းဝင်ဟု စစ်ကောင်စီထုတ်ပြန်

ရေးမြို့နယ်တွင် PDF ၂ ဦး လက်နက်နှင့် အလင်းဝင်ဟု စစ်ကောင်စီထုတ်ပြန်

-

မွန်ပြည်နယ်၊ ရေးမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  PDF တပ်ဖွဲ့တင်  ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်လ်တို့တွင် ဖော်ပြသည်။

ပြစ်မှုကျူးလွန်ထားခြင်းမရှိဘဲ အလင်းဝင်လာသည့် PDF တပ်ဖွဲ့ဝင် ၂ ဦးကို ဆုကြေးငွေထောက်ပံ့ပြီး မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ရေးမြို့ စ.က.ခ (၁၉) အတွင်းရှိ ဆင်ဖြူရှင်ခန်းမတွင် အခမ်းအနားပြုလုပ်ကာ မိဘဆီပြန်လည် အပ်နှံခဲ့ကြောင်း ဖော်ပြထားသည်။

အခမ်းအနားသို့ ဒု စ.က.စမှူး၊ တပ်နယ်တပ်ရင်းမှ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ အလင်းဝင်လာသည့် PDF တပ်ဖွဲ့ဝင် ၂ ဦးနှင့် ၎င်းတို့မိဘများအပါအဝင် ၃၅ ဦးတက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသည့် PDF ၂ ဦးဆိုသူသည် PDF တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း ရာမညပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ကျွန်တော်တို့ဆီကမဟုတ်ဘူး အဲဒီကလေး နှစ်ယောက်က။ သူတို့က လွတ်မြောက်နယ်မြေထဲမှာ ခြံအလုပ်လာလုပ်နေတာ။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေနဲ့တော့ စကားပြောဆိုတာမျိုးတော့ရှိတာပေါ့။ အဲဒီနှစ်ယောက်ထဲက ဘိုဖြူရဲ့ အဖေက စကခ ၁၉ ထဲက လက်နက်ကြီးတပ်မှာ တာဝန်ကျတာလို့ သိထားရတယ်။ နောက်တစ်ယောက်က ထားဝယ်ကလာတယ်လို့ပြောတယ်။ ဒါပေမယ့် ထားဝယ်လေသံမဟုတ်ဘူး။ လက်နက်တွေကတော့ စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်စဥ်အတိုင်းပါပဲ။ သူ့အဖေကလည်း တပ်ကပဲဆိုတော့လေ” ဟု ဆိုသည်။

စစ်ကောင်က PDF များအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ကြရန်နှင့် လူပုဂ္ဂိုလ်လုံခြုံရေးအတွက် တရားမဝင် လက်နက်ကိုင်ဆောင် ထားသူများ လက်နက်လိုင်စင် လျှောက်ထားကြရန် မေလ ၉ ရက်နေ့က ကြေညာချက်နှစ်စောင် တစ်ပြိုင်တည်းထုတ်ပြန်ခဲ့သည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာမည့် PDFများအား လက်နက်ခဲယမ်းအမျိုးအစားပေါ် မူတည်ပြီး ဆုကြေးငွေ ကျပ် ၂ သိန်းမှ ကျပ် ၇၅ သိန်းအထိ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက မက်လုံးပေးပြောဆိုထားသည်။

ရေးမြို့နယ်သည် လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီ၏ ထောက်တိုင်များမကြာခဏရှင်းလင်းခံနေရမှုကြောင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှစကာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts