spot_img
Tuesday, February 3, 2026
More
    spot_img
    Homeသတင်းသိမ်ဇရပ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသား ၁ ဦး ဒဏ်ရာရ

    သိမ်ဇရပ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသား ၁ ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်၊ ကမ်းနီးကျေးရွာတွင် မြေမြုပ်မိုင်းနင်းမိပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မေလ ၂၉ ရက်နေ့ ည ၉ နာရီအချိန်ခန့်က သိမ်ဇရပ်မြို့နေ အသက် ၂၈ နှစ်အရွယ် ကိုချမ်းမြေ့အောင်သည် ဆိုင်ကယ်ဖြင့် နေအိမ်မှ ကမ်းနီးကျေးရွာသို့ ဒညင်းသီးခူးရန်အသွား ကမ်းနီးကျေးရွာအဝင် လမ်းဆုံတွင် မြေမြုပ်မိုင်း နင်းမိခြင်းဖြစ်သည်။

    “ရွာအဝင်ပဲ။ ကမ်းနီးကျေးရွာအဝင်မှာပဲ ဆိုင်ကယ်က မြေမြှုပ်မိုင်းကို ဖြတ်နင်းမိတော့ ပေါက်ကွဲတာ။ ဖြစ်ဖြစ်ချင်း သူ့ဆီကို ချက်ချင်းမသွားရဲကြသေးဘူးလေ။ ညဘက်ကြီးလည်းဖြစ်တော့ ကယ်ဆယ်ရေးအကူညီခေါ်ပြီး သွားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကိုချမ်းမြေ့အောင်၏ ဝဲဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာ၊ ဝဲ၊ ယာ လက်ဖဝါး၊ လက်ဖမိုး ပေါက်ပြဲ (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

    မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် ကိုချမ်းမြေ့အောင်ကို လူမှုကူညီကယ်ဆယ်ရေးအသင်းတို့၏ အကူအညီဖြင့် သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်အနီး ဝိဇ္ဇာတောင်တွင် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့သေးသည်။

    မတ်လ ၂၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ မဲရုံလေးကျေးရွာအနီးတွင် ဒေသခံ ၃ ဦး မြေမြုပ်မိုင်းနင်းမိပြီး တစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်လည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks