spot_img
Tuesday, February 3, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် ဒရုန်းဖြင့် ပစ်ချသည့်ဗုံးကြောင့် အသက် ၁၆ နှစ်အရွယ် အရပ်သား ၂ ဦးသေ

    ဘီးလင်းတွင် ဒရုန်းဖြင့် ပစ်ချသည့်ဗုံးကြောင့် အသက် ၁၆ နှစ်အရွယ် အရပ်သား ၂ ဦးသေ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တဘက်ဆွဲကျေးရွာအုပ်စု ဒေါင်းရွာကျေးရွာအတွင်း ဒရုန်းဖြင့် ပစ်ခတ်သည့် ဗုံးထိမှန်ပြီး အသက် ၁၆ နှစ်အရွယ် အရပ်သားလူငယ် ၂ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်က ဒေါင်းရွာကျေးရွာအနီးရှိ စစ်ကောင်းစီတပ်ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

    ဒရုန်းဖြင့် ပစ်ချသည့် ဗုံးသီးတစ်လုံးသည် ဒေါင်းရွာကျေးရွာရှိ စောဘခက်ဆိုသူ နေအိမ်ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ခြံဝန်းတွင်ရှိနေသည့် စောဘခက်၏တူ အသက် ၁၆ နှစ်အရွယ် စောမိုးထက်နှင့်  စောမော်ခါးတို့  ၂ ဦး မိုင်းစထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။

    ‌ထိုသို့ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီးနောက် နံနက် ၉ နာရီခွဲဝန်းကျင်အချိန်ခန့်တွင် ရွှေရောင်ပြကျေးရွာအုပ်စု ဇီးဝန်းကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီ အမြှောက်တပ် ၃၁၄ တပ်ရင်းမှ ကျေးရွာတွေဘက် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

    စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် အဝင်းကြီး‌ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းရှိ ကိုရင် ၂ ပါး၊ သံဃာတော် ၁ ပါးနှင့် အရပ်သား ၂ ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီ အမြှောက်တပ် ၃၁၄ တပ်ရင်းအပါအဝင် ဘီးလင်းမြို့နယ်အတွင်း အခြေစိုက်သည့် စစ်ကောင်စီတပ်စခန်းတို့မှ လူနေကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လေ့ရှိပြီး လူထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသူများလည်းရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks