spot_img
Tuesday, February 3, 2026
More
    spot_img
    Homeသတင်းရေး-သံဖြူဇရပ်လမ်း နှင်းစုံကျေးရွာအနီး ကားတစ်စီး အရှိန်လွန်တံတားဘောင်ဝင်တိုက် ၂ ဦး သေဆုံး

    ရေး-သံဖြူဇရပ်လမ်း နှင်းစုံကျေးရွာအနီး ကားတစ်စီး အရှိန်လွန်တံတားဘောင်ဝင်တိုက် ၂ ဦး သေဆုံး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်းတွင် မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်ခန့်က ဟိုက်ဂျက်ကားတစ်စီး အရှိန်လွန်ပြီး တံတားသံဘောင် ဝင်တိုက်မိရာမှ လူ ၂ ဦး သေဆုံးသွားကြောင်း အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

    အသက် ၁၂ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦး စီးနင်းလိုက်ပါလာပြီး ထားဝယ်၊ ကံပေါက်ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာစဥ် ယခုလို ယာဥ်မတော်တဆမှုဖြစ်သွားသည်ဟု ဆိုသည်။

    ယာဉ်မတော်တဆမှုကြောင့် အသက် ၆၀ နှစ်အရွယ်ဝန်းကျင်ရှိ ယာဥ်မောင်းနှင့် အမျိုးသမီး ၁ ဦး သေဆုံးသွားသည်ဟု လမိုင်းပရဟိတလူငယ်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ဟိုက်ဂျက်ယာဉ်ပေါ်မှာ အသက် ၁၂ နှစ်အရွယ် ယောက်ျားကလေး ၁ ဦး ပါလာသေးတယ်။ အဲ့ကလေးကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲရရှိခဲ့တယ်” ဟု ဆိုသည်။

    ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသူ ၂ ဦးသည် သံဖြူဇရပ်မြို့နယ်၊ ကဒါတ်ထောက်ကျေးရွာမှဖြစ်သည်ဟု သိရသည်။

    ‌ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသူနှစ်ဦး၏ ရုပ်အလောင်းအား လမိုင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထာကြောင်းလည်း သိရသည်။

    ရေး-သံဖြူဇရပ်ကားလမ်းတွင် ယာဥ်တိုက်မှု ယာဥ်မတော်တဆမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး လူထိခိုက် သေဆုံးမှုလည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks