Homeသတင်းBGF နှင့် စစ်ကောင်စီတပ်စခန်းကို KNLA တိုက်ခိုက်၊ BGF ၅ ဦးသေဆုံးဟု ထုတ်ပြန်

BGF နှင့် စစ်ကောင်စီတပ်စခန်းကို KNLA တိုက်ခိုက်၊ BGF ၅ ဦးသေဆုံးဟု ထုတ်ပြန်

-

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်ရေးနယ်မြေ မူတြော်ခရိုင်တွင် စခန်းချထားသည့် ကရင်နယ်ခြားစောင့်တပ် BGF နှင့် စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA လက်အောက်ခံတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး BGF ဘက်က ၅ ဦး သေဆုံးကြောင်း KNU မူးတြော်ခရိုင်သတင်းစဥ်က ထုတ်ပြန်ထားသည်။

မေလ ၂၀ ရက်နေ့ ညနေပိုင်းက KNU တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင် (၁၀၂) နှင့် တပ်ခွဲများ စုပေါင်းကာ ကတဲတိနှင့် ထီးကဆောမဲကြား စခန်းချထားသော BGF စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုဖြစ်စဥ်အတွင်း BGF တပ်ခွဲ့မှူး စောဘာယို အပါအဝင် ၅ ဦး သေဆုံးသည့်အပြင်  ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မေလ ၁၉ ရက်နေ့ နံနက်ပိုင်းကလည်း BGF မှ ဖိုဃဲထာကျေးရွာအတွင်းသို့ အမြောက်ကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး  အသက် ၂၁ နှစ်အရွယ် စောကျော်ခူ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး စောဖါးကျော်နှင့် စောဖူးမယ်ပါးတို့ နေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးသွားကြောင်း ဆိုသည်။

မူတြော်ခရိုင်အတွင်း လှုပ်ရှားစခန်းချထားသည့် နယ်ခြားစောင့်တပ် BGF နှင့် စစ်ကောင်စီတပ်တို့သည် ဒေသတွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များအား ခိုးဆိုးလုယူစားသောက်သည့်အပြင် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေသည်လည်းရှိသည်ဟု မူးတြော်ခရိုင်သတင်းစဥ်က ထုတ်ပြန် ပြောဆိုထားသည်။

မူတြော်ခရိုင်အတွင်း၌ ကရင်အမျိုးသားတပ်မတော် KNLA လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများနှင့် စစ်ကောင်စီတပ်၊ BGF တပ်တို့အကြား နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts