Homeသတင်းစစ်တပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်းကြောင့် အရပ်သား ၈၀၀ နီးပါး ထွက်ပြေးနေရ

စစ်တပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်းကြောင့် အရပ်သား ၈၀၀ နီးပါး ထွက်ပြေးနေရ

-

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ အုပ်ချုပ်နယ်၊ ကရင်ပြည်နယ်၊ မူးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် ဒေသခံပြည်သူ ၈၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။

မေလ ၁၆ ရက်နေ့က မူးမြို့နယ် အတွင်းရှိ တမာခေါကျေးရွာနှင့် တောင်စု(အနောက်) ကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ အရပ်သားပြည်သူ ၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသူ ၂ ဦးသည် တမာခေါရွာသား ဟစောပူးလူ – ၄၀ နှစ်နှင့် တောင်စု (အနောက်) ရွာသား စောဝါးထူး – ၇၀ နှစ်တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးကို မေလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် တမာခေါကျေးရွာနှင့် တောင်စု(အနောက်) ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေသခံပြည်သူများ ကြောက်လန့်ကာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိအချိန်ထိ တမာခေါကျေးရွာနှင့် တောင်စု(အနောက်) ကျေးရွာ ၂ ရွာမှ အိမ်ခြေ ၂၂၆ လုံးရှိ လူဦးရေ ၇၉၀ ဦးတို့က ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts