spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းသံလွင်တံတား (မော်လမြိုင်) စစ်ဆေးရေးဂိတ်တွင် တရားမဝင် တရုတ်နိုင်ငံသား ၆ ဦး ဖမ်းမိ

    သံလွင်တံတား (မော်လမြိုင်) စစ်ဆေးရေးဂိတ်တွင် တရားမဝင် တရုတ်နိုင်ငံသား ၆ ဦး ဖမ်းမိ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့အဝင် သံလွင်တံတား (မော်လမြိုင်) စစ်ဆေးရေးဂိတ်တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၆ ဦး ဖမ်းဆီးရမိကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

    သံလွင်တံတား (မော်လမြိုင်) မော်လမြိုင်ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်တွင် မေ ၇ ရက်နေ့ မွန်းလွဲပိုင်းက ပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိန်းမြို့နယ်၊ အမှတ် (၁) မြို့မရပ်ကွက်နေ ယာဉ်မောင်း ဇေယျာမင်းဆိုသူနှင့်အတူ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ အား စစ်ဆေးတွေ့ရှိခဲ့သည်။

    “ယာဉ်မောင်းဖြစ်သူကို စစ်ဆေးတဲ့အခါမှာ မြဝတီမြို့ကနေ မော်လမြိုင်၊ မော်လမြိုင်ကတဆင့် မုတ္တမမြို့ဘက်ကို သွားဖို့ သယ်ဆောင်မောင်းနှင်လာတာလို့ ထွက်ဆိုထားတယ်။ တရုတ်နိုင်ငံသားတွေမှာ တရားဝင် အထောက်အထားတွေမရှိလို့ ထိန်းသိမ်းထားတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    လက်ရှိတွင် အဆိုပါ တရားမဝင် တရုတ်နိုင်ငံသား ၆ ဦးနှင့် ယာဉ်မောင်းဖြစ်သူတို့အား ထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်နိုင်ရန် စစ်ဆေးဆောင်ရွက်နေကြောင်းလည်း ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks