Homeသတင်းသံဖြူဇရပ်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေ

သံဖြူဇရပ်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာတွင် ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဝါခရူကျေးရွာ၊ တောင်ပေါက်အပိုင်းသူ မောင်လင်းနိုင်ဆိုသူသည် နံနက် ၇ နာရီအချိန်ခန့်က ၎င်း၏ အဖွားဖြစ်သူနေအိမ်ရှေ့ လှေကားအနီး အမြင့် ၇ ပေခွဲခန့်ရှိ ထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံးနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မောင်လင်းနိုင်တို့အိမ်မှာက သူ့အဖွားနဲ့ သူ့ကလေးလေးတစ်ယောက်နဲ့အတူနေကြတာလို့ သိရတယ်။ သူက သူ့မိန်းမနဲ့ ကွဲနေတာ တစ်နှစ်လောက်ရှိပြီ။ သူ့မိန်းမနဲ့ ကွဲပြီးနောက်ပိုင်းမှာ စိတ်ညစ်လို့ဆိုပြီး အရက်အလွန်အကျွံသောက်တာတွေရှိတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

မောင်လင်းနိုင်၏ ရုပ်အလောင်းအား သံဖြူဇရပ်မြို့မှ ပိုင်ရှင်မဲ့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် မတ်လတစ်လအတွင်း၌ ဆွဲကြိုးချ သတ်သေသည့်ဖြစ်စဥ် ၃ ခုထက်မနည်းရှိခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts