Wednesday, April 1, 2026
More
    spot_img
    Homeသတင်းကျိုက်ထို ကင်းမွန်ချောင်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရ

    ကျိုက်ထို ကင်းမွန်ချောင်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ယမန်နေ့ ညနေ ၄ နာရီကျော်အချိန်ခန့်က ကင်မွန်းချောင်နယ်မြေရဲစခန်းကို ကျိုက်ထိုပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ဒရုန်းဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    “မနေ့ ညနေ ၄ နာရီကျော်ကျော်လောက်မှာ ရဲစခန်းဘက်က သေနတ်သံတွေကြားရတယ်။ ပြီးတော့ အဲဘက်က မီးခိုးလုံးတွေ ထွက်လာတာလည်း တွေ့ရတယ်။ မီးရှို့ခံရလား မီးလောင်တာလားတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ကင်းမွန်ချောင်းနယ်မြေရဲစခန်း ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင်း စခန်းအတွင်းရှိ အဆောက်အဦးများ မီးလောင်မှုရှိသည်ဟု သတင်းထွက်နေသော်လည်း အသေးစိတ်ကိုတော့ မသိရှိနိုင်ဘူးဟု ဒေသခံတို့ထံမှ သိရသည်။

    အဆိုပါ ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စခန်းအတွင်းမှ စစ်ကောင်စီတပ်တို့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သေးကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

    ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်းမွန်ချောင်းနယ်မြေရဲစခန်းကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ လာရောက် ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks