spot_img
Friday, May 3, 2024
More
    spot_img
    Homeမေးမြန်းချက်ပုံပါတီမှတ်ပုံတင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး UNA မဟာမိတ်အဖွဲ့မှာ သဘောထားကွဲလွဲနေတဲ့အခြေအနေနဲ့ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်နဲ့ ဆက်သွယ်မေးမြန်း

    ပုံပါတီမှတ်ပုံတင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး UNA မဟာမိတ်အဖွဲ့မှာ သဘောထားကွဲလွဲနေတဲ့အခြေအနေနဲ့ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်နဲ့ ဆက်သွယ်မေးမြန်း

    -

    ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို စစ်ကောင်စီက ဇန်နဝါရီ ၂၇ ရက်နေ့က ပြဌာန်းခဲ့ပါတယ်။ ပါတီမှတ်ပုံတင်ခြင်း ဥပဒေအသစ်မှာ တည်ဆဲပါတီအားလုံး ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် ပြန်တင်ရမယ်လို့ ပြဌာန်းထားပြီး မှတ်ပုံပြန်မတင်တဲ့ ပါတီတွေ အလိုအလျောက် ပါတီဖျက်သိမ်းပြီးသား ဖြစ်မယ်လို့ ပြဌာန်းထားပါတယ်။

    စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြဌာန်းပြီးနောက် တိုင်းရင်းသားနိုင်ငံရေးပါတီတွေအပါအဝင် မှတ်ပုံပြန်တင်တဲ့ နိုင်ငံရေးပါတီတွေရှိသလို စစ်ကောင်စီကို လက်မခံတဲ့ ပါတီအချို့ကတော့ မှတ်ပုံပြန်မတင်ပဲ ပါတီဖျက်သိမ်းခံထားရတာတွေလည်း ရှိနေပါတယ်။

    ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အပါအဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ၇၀ ကျော်နဲ့ စုဖွဲ့ထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင် ပါတီတွေထဲမှာလည်း မှတ်ပုံပြန်တင်တဲ့ပါတီရှိသလို မှတ်ပုံပြန်မတင်တဲ့ပါတီတွေလည်းရှိနေပါတယ်။

    ပုံပါတီမှတ်ပုံတင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး UNA မဟာမိတ်အဖွဲ့မှာ သဘောထားကွဲလွဲနေတဲ့အခြေအနေနဲ့ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

    မေး ။ ။ လက်ရှိ UNA အနေနဲ့ ဘယ်လိုမျိုး ရှေ့ဆက်သွားနေလဲဆိုတာ အရင်ဦးဆုံး သိပါရစေဆရာ။

    ဖြေ ။ ။ ကျွန်တော်တို့က အစည်းအဝေးမထိုင်ရသေးတော့ ပြောဖို့တော့ ခက်ခဲတယ်။ အစည်အဝေးထိုင်ပြီးတဲ့အခါမှ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြောလို့အဆင်ပြေမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ထဲမှာကိုယ်က တချို့ကျတော့ ပြန်ပြီးတော့ မှတ်ပုံပြန်တင်တယ်။ နောက် တချို့က မှတ်ပုံမတင်တော့ဘူး ဆိုတော့ လက်ရှိအခြေအနေမှာ နှစ်ခြမ်းဖြစ်သွားတာပေါ့ အဲဒီတော့ ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတဲ့ဟာက ကျွန်တော်တို့တွေ ပြန်ပြီးတော့ စည်းဝေးတိုင်ပင် ဆုံးဖြတ်ပြီးမှ ပြောလို့ရပါ့မယ်။

    မေ ။ ။ မှတ်ပုံပြန်တင်တဲ့ပါတီတွေကျတော့ရော သူတို့သဘောဆန္ဒအတိုင်း သွားတာလား ဘယ်လိုပုံစံမျိုးနဲ့ သွားတာလဲ။

    ဖြေ ။ ။ ဒါကတော့ ကျွန်တော်တို့ မဟာမိတ်စုဖွဲ့ထားတာက ကိုယ့်ပါတီက ကိုယ့်မူနဲ့ကိုယ်ပဲလေ ဒါပေမယ့် UNA ထဲမှာ လာစုဖွဲ့တယ်ဆိုတာကတော့ ကျွန်တော်တို့ ယုံကြည်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တိုင်းရင်းသားတွေရဲ့ လိုလားချက်အရ စုဖွဲ့ကြမယ့်အနေအထားနဲ့ ကျွန်တော်တို့က စုဖွဲ့ကြတာဖြစ်တယ်။ စုဖွဲ့ထားတာဖြစ်တယ်ဆိုတော့ အခုချိန်မှာ ပါတီ မှတ်ပုံတင်ဖို့ မတင်ဖို့ ဘာညာဆိုတဲ့ဟာက ကျွန်တော်တို့ စုဖွဲ့မှုတုန်းက အဲဒါတွေက အကုန်လုံးက ကျွန်တော်တို့ မှတ်ပုံတင်ထားတဲ့ပါတီတွေကိုဗျ တရားဝင်ရပ်တည်နေတဲ့ပါတီတွေ အခုချိန်ကျတော့ အဲဒီစုဖွဲ့မှုက အဲဒီမှတ်ပုံတင်ထားမှုက တချို့ကရှိတယ်ဆိုတော့လေ ဆိုတော့ အဲဒီအပေါ်မှာ ကျွန်တော်တို့ဆွေးနွေးပြီးမှ ဒါက အခြေအနေအသစ်ဖြစ်သွားတာ။

    မေး ။ ။ လက်ရှိမြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် ရွေးကောက်ပွဲကျင်းပဖြစ်တာ မကျင်းပဖြစ်တာနဲ့ သက်ဆိုင်လားဆရာ။

    ဖြေ ။ ။ ကျွန်တော်ထင်တယ် အခုချိန်မှာ ရွေးကောက်ပွဲကျင်းပလို့လဲ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ အခုလက်ရှိ အာဏာသိမ်းအစိုးရကိုယ်၌ကိုက အာဏာသိမ်းထားတဲ့လူတွေကိုယ်၌ကိုက သူတို့ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး သူတို့ ပြောထားတယ် ဒါပေမယ့် သူတို့ကိုယ်တိုင် ရွေးကောက်ပွဲကို မကျင်းပနိုင်ဘူး ကျင်းပနိုင်တဲ့အရည်အချင်းမပြည့်ဘူး နောက်တစ်ခုကလည်း အခုက သူတို့က နိုင်ငံရေးပါတီတွေကို ပြန်ပြီးတော့ မှတ်ပုံတင်ပါလို့သာ သူတို့က ရက်သတ်မှတ်ပြီးတော့ ကျွန်တော်တို့ကို ဖျက်ချပလိုက်တာလေ ဒါပေမယ့် ရွေးကောက်ပွဲကိုကျတော့ မူလကသတ်မှတ်ထားတဲ့ ၂၀၂၃ ထဲမှာ လုပ်မယ်ဆိုတဲ့ဟာကျတော့ ဘယ်နေ့ ဘယ်တော့ ဘယ်အချိန်မှာဆိုတဲ့ဟာမျိုးက မရှိတော့ဘူး ဆိုတဲ့အနေအထားလေ အဲဒီတော့ သူတို့ဘက်က သူတို့လုပ်မယ့်အလုပ်ကျတော့ ဘယ်အချိန် ဘယ်အခါ ကာလသတ်မှတ်ချက်မရှိပေမယ့် ပါတီတွေကိုကျတော့ သူတို့က သတ်မှတ်ချက်နဲ့ ဖျက်ပလိုက်တာပေါ့ဗျာ အဲဒီအနေအထားဖြစ်တယ်။ အဲဒီတော့ ဆရာပြောတဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက်ထိ သက်ရောက်မလဲဆိုတဲ့ဟာက ဒါက သူတို့ကိုယ်၌က မလုပ်နိုင်သေးတဲ့ဟာဖြစ်တဲ့အတွက်မှာလေ ဒီနေ့အချိန်မှာလဲ ရွေးကောက်ပွဲလုပ်ဖို့ သူတို့ကိုယ်တိုက်မစွမ်းဆောင်နိုင်တဲ့ကိစ္စပေါ့ဗျာ။

    မေး ။ ။ လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် ဘာတွေလိုအပ်နေလဲ ဘယ်သူတွေနဲ့ ဆွေးနွေးရမှာလဲဆရာ။

    ဖြေ ။ ။ အဲဒါကတော့ ကျွန်တော်ထင်တယ် ဒီနိုင်ငံရဲ့ ပြဿနာကတော့ မူလကတည်းက တိုင်းရင်းသားပြဿနာပေါ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် ဒီဟာတွေနဲ့ တောက်လျှောက်ဖြစ်လာတာ ဒါပေမယ့် အခုပိုပြီးကြီးကျယ်သွားတာကတော့ ဒီမိုကရေစီနည်းနဲ့ ရွေးချယ်ခံရတဲ့အဖွဲ့အစည်းကို အာဏာမလွှဲပေးပဲနဲ့ အာဏာသိမ်းတဲ့ကိစ္စပေါ့နော် ဆိုတော့ ပိုပြီးကြီးကျယ်သွားတယ်။ အဲဒီမှာလည်း တနိုင်ငံလုံး ပြည်ထောင်စုတရပ်လုံးကနေပြီးတော့ ဒီလိုကိစ္စမှာ ဘယ်လိုမှ သည်းမခံနိုင်လို့ဖြစ်ကြတဲ့ဟာပေါ့ အဲဒီတော့ ဒီမှာဖြစ်နေတဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာကနေ ပြည်သူတွေ နိုင်ငံရေးနယ်ပယ်ကနေပြီးတော့ ရှိနေတဲ့အဖွဲ့အစည်းတွေ ERO တွေ နောက်တခါ နိုင်ငံတကာအဖွဲ့အစည်းတွေ အထူးသဖြင့်တော့ နိုင်ငံတကာကနေ ကြားဝင်ပေးဖို့ လိုမယ်ဗျ ကူညီပေးဖို့လိုလိမ့်မယ် အဲဒါမျိုးတွေပါပြီး ကျွန်တော်တို့ ဆွေးနွေးအဖြေရှာဖို့ လိုလိမ့်မယ်လို့ထင်တယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဒီအာဏာရူးတွေနဲ့ ဆွေးနွေးဖို့ကျတဲ့အခါလဲ ဒီဘက်ကလည်း အဆင့်သင့်မဖြစ်ဘူးပေါ့နော် အဆင်သင့်မဖြစ်ဆိုတာ လုံးဝလက်မခံတာ သူတို့က အခင်းအကျင်းမှာ ဆိုတော့ လောလောလတ်လတ်ကတော့ ဒီကိစ္စကဖြစ်လာမှာမဟုတ်ဘူး ဒါပေမယ့် တချိန်ချိန်မှာတော့ ဖြစ်လာမှာပေါ့ဗျာ အဲဒီအတွက်ကတော့ အချိန်ယူရမယ် ဒီကာလမှာတော့ ဖိအားတွေတော့ ပေးရမှာ။

    မေး ။ ။ လက်ရှိနိုင်ငံရေးအကြပ်အတည်းဖြေရှင်းရေး နောက် အခုလက်ရှိနိုင်ငံအရေးအခင်းအကျဥ်းမှာ ဆရာတို့ UNA အနေနဲ့ ရှေ့ဆက်သွားဖို့ အလားလာ နှစ်ဖွဲ့ဖြစ်နေတဲ့ပုံစံပေါ့လေ ဒီဟာတွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာတွေဖြည့်စွတ်ပြောကြားဖို့ရှိလဲ။

    ဖြေ ။ ။ ဒီဟာက ကျွန်တော်တို့ ပါတီတွေ စုဖွဲ့ထားတဲ့ မဟာမိတ်အဖွဲ့တွေကတော့ တစ်ဦးတစ်ယောက် တစ်ပါတီက ပြောလို့အဆင်မပြေဘူးလေ ဒီတော့ ဒီအကြောင်းအရာတွေကို ကျွန်တော်တို့ စုဖွဲ့ တိုင်ပင် အစည်းအဝေးထိုင်ပြီးမှသာ သဘောထားရပ်တည်ချက်ကို ပြောလို့ရပါ့မယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်တိုင်းရင်းသားတွေကတော့ ရှိတဲ့အနေအထားမှာ ကျွန်တော်တို့အတတ်နိုင်ဆုံး ညီညွတ်အောင် စုစည်းနိုင်အောင်တော့ ကျွန်တော်တို့အဖွဲ့ကတော့ ပြင်ဆင်သွားမယ်လို့ ပြောချင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts