spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းကျိုက္ခမီတွင် ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

    ကျိုက္ခမီတွင် ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ဧပြီလ ၂၇ ရက်နေ့က ICE (မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

    ကျိုက္ခမီမြို့၊ ဓမ္မစေတီရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် မသင်္ကာဖွယ် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ မျိုးဇော် ၂၉ နှစ်နှင့် ဖြိုးမင်းထက်တို့ ၂၂ နှစ်တို့ကို မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်တို့က သက်သေများနှင့်အတူ စစ်ဆေးရှာဖွေခဲ့သည်။

    ထိုသို့ စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်ထားသည့် စက္ကူဂျပ်ဖာအတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၆ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၅၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲအသုံးချမှုထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

    မျိုးဇော်နှင့် ဖြိုးမင်းထက်တို့အား စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ကျိုက္ခမီမြို့၊ မြို့မရပ်ကွက်၊ ယုဇနလမ်းနေ၊ ဦးစံရွှေ ၅၉ နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

    ထိုသို့ ရှာဖွေရာတွင် ဦးစံရွှေ၏ နေအိမ်တွင် နေအိမ်မြေအောက်ခန်းအတွင်းမှ ထုတ်ပိုးထားသည့် တစ်ကီလိုဂရမ်ခန့်ပါသည့် အိုက်စ် အထုပ် ၇ ထုပ် ရှာဖွေ သိမ်းဆည်းခဲ့သည်။

    မျိုးဇော်၊ ဖြိုးမင်းထက်နှင့် ဦးစံရွှေတို့ကို ကျိုက္ခမီနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ မယ(ပ)၄/၂၀၂၃ အရ မှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts