spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမြိတ်-ကော့သောင်းလမ်းတွင် ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရ ကလေးတစ်ဦးအပါ ၂ ဦး သေဆုံး

    မြိတ်-ကော့သောင်းလမ်းတွင် ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရ ကလေးတစ်ဦးအပါ ၂ ဦး သေဆုံး

    -

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ကော့သောင်းကားလမ်းပိုင်းတွင် မြတ်မန္တလာထွန်း ခရီးသည်တင်မှန်လုံယာဉ်ပစ်ခတ်ခံရပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

    ဧပြီလ ၁ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က မြိတ်မြို့ဘက်မှ ကော့သောင်းမြို့ဘက်သို့ မောင်းနှင်လာသည့် မြတ်မန္တလာထွန်းခရီးသည်တင်မှန်လုံယာဉ်သည် တနင်္သာရီမြို့အထွက် လယ်တောင်ယာကျေးရွာနှင့် တမုတ်ချုံးကျေးရွာအကြားတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

    ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသည့် အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် ၄၀ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “နောက်ထပ် ကားပေါ်က သံဃာတော်တစ်ပါးနဲ့ အမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ ဒဏ်ရာရသူတွေကိုတော့ လူနာတင်ယာဉ်တွေနဲ့ နီးစပ်ရာဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်” ဟု ၎င်းဒေသခံက ပြောသည်။

    မြတ်မန္တလာထွန်းခရီးသည်တင်ကား ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၂ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့မှ မှားယွင်းပစ်ခတ်မိကြောင်း ထုတ်ပြန်ထားသည်။

    ပစ်ခတ်မိသည့်အချိန်သည် အရပ်သားပြည်သူများ သွားလာနိုင်သည့် အချိန်မဟုတ်သည့်အပြင် စစ်ကောင်စီ၏ စစ်ကူများ သွားလာမည်ဟု သတင်းရရှိထားသည့်အတွက် စောင့်ဆိုင်းသည့်အချိန်

    ကားအား ရပ်နားရန် သတိပေးပစ်ခတ်သော်လည်း မရပ်နားသည့်အတွက် ရန်သူများအသွင်ယူ သွားလာသည်ဟု ယူဆကာ မှားယွင်းပစ်ခတ်မိခြင်းဖြစ်သည်ဟု ဆိုထားသည်။

    ပြည်သူများ ထိခိုက်ဆုံးရှုံးရသည့်အပေါ် မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်းနှင့် ကာယကံရှင်နှင့် မိသားစုများကို အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၇ ရက်ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ခဲချောင်းကျေးရွာအနီး မြိတ်-ကော့သောင်းကားလမ်ပေါ်တွင် ရွှေညီကိုယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks