spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းသံလွင်မြစ်အတွင်း ရိုဟင်ဂျာ ၁၂၈ ဦး ဖမ်းဆီးရမိ

    သံလွင်မြစ်အတွင်း ရိုဟင်ဂျာ ၁၂၈ ဦး ဖမ်းဆီးရမိ

    -

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှ ၁၀ မိုင်ခန့်အကွာ သံလွင်မြစ်အတွင်း စက်လှေတစ်စီးပေါ်တွင် ကလေးငယ်များအပါအဝင် ရိုဟင်ဂျာ ၁၂၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

    ဧပြီလ ၂ ရက်နေ့ နံနက်အစောပိုင်းအချိန်ခန့် သံလွင်မြစ်အတွင်းက စက်လှေတစ်စီးပေါ်  စစ်ကောင်စီရေတပ်မှ စက်လှေပေါ်တက်ရောက်စစ်ဆေးခဲ့ရာမှ စက်လှေဝမ်းဗိုက်အတွင်း ရိုဟင်ဂျာများ ဖမ်းဆီးရမိခြင်းဖြစ်သည်။

    ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများသည် ကျား ၁၀၂ ဦး၊ မ ၂၀ ဦးနှင့် ကလေး ကျား ၁၊ မ ၅ တို့ ပါဝင်သည်ဟု သိရသည်။

    “သူတို့ကို မော်လမြိုင်မြို့ကို ခေါ်ဆောင်သွားပြီးတော့ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်” ဟု လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ဖမ်းဆီးရမိခဲ့သည့် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မှ လာရောက်ကြပြီး ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်မည့်သူများဖြစ်ကြောင်း ဆိုသည်။

    ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အတွင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာအုပ်စု ဝင်းစိန်ကျေးရွာနှင့် ခလောက်ချကျေးရွာအနီးပတ်ဝန်းကျင်တွင် ရိုဟင်ဂျာ ကျား ၁၃၀ ဦးနှင့် မ ၆၉ ဦး စုစုပေါင်း ၁၉၉ ဦး ဖမ်းဆီးခံထားရသည်။

    ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်းကလည်း မွန်ပြည်နယ်အတွင်း၌ ရိုဟင်ဂျာ ၄၀ ကျော် ဖမ်းဆီးခံထားရသေးသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတ၀ှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိနေသည့်အပြင်း တချို့ဆို တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့်ဖြစ်စဥ်လည်း ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks