spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းထိုင်းတောင်ပိုင်းတွင် ကလေးငယ်အပါ ရိုဟင်ဂျာ ၄၀ ကျော် ဖမ်းဆီးခံရ

    ထိုင်းတောင်ပိုင်းတွင် ကလေးငယ်အပါ ရိုဟင်ဂျာ ၄၀ ကျော် ဖမ်းဆီးခံရ

    -

    ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီထမရတ်ခရိုင် ကျူလဖွန်ဒေသရှိ လမ်းဘေးတောအတွင်း ပုန်းခိုနေကြသည့် ရိုဟင်ဂျာ ၄၀ ဦးကျော်ကို မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနတို့တွင် ဖော်ပြထားကြသည်။

    တောထဲ ပုန်းခိုနေကြသည့် ရိုဟင်ဂျာများကို ဒေသခံတို့ တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ရာမှ ဖမ်းဆီးခံရခြင်းဖြစ်ပြီး တောအတွင်း နေရာအနှံ့ ပုန်းခိုနေသဖြင့် ထိုင်းရဲတပ်ဖွဲ့တို့က လိုက်လံ ခေါ်ဆောင်ခဲ့ရကြောင်း ဆိုသည်။

    ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများတွင် အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၀ ဦးပါဝင်ပြီး အများစုသည် အသက် ၃၀ နှစ်အောက် လူငယ်များဖြစ်ကာ ကလေးငယ်များလည်း ပါဝင်ကြောင်း ထိုင်းသတင်းတို့က ဖော်ြပကြသည်။

    ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာများသည် မလေးရှားနိုင်ငံသို့ သွားရောက်ရန် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရေလမ်းကြောင်းဖြင့် ထိုင်းနယ်စပ်သို့ ဝင်ရောက်လာခဲ့ပြီးနောက် ပွဲစားနှစ်ဦးတို့က ကားနှစ်စီးဖြင့် အာရှလမ်းမကြီးအတိုင်း ခေါ်ဆောင်လာခဲ့သည်။ 

    လမ်းတွင် စစ်ဆေးရေးဂိတ်ကို တွေ့ရှိရာ ဖမ်းဆီးခံရမည်ကို စိုးရိမ်ကြသဖြင့် လမ်းဘေးတောထဲသို့ စွန့်ပစ်ခဲ့ကာ ပွဲစားဖြစ်သူတို့က ထွက်ပြေးသွားကြောင်းလည်း ဖော်ပြသည်။

    ရိုဟင်ဂျာများသည် ပိုင်ဆိုင်မှုများကို ရောင်းချကာ မလေးရှားနိုင်ငံသို့ တစ်ဦးလျှင် ဘတ် ၆၀၀၀၀ မှ ၇၀၀၀၀ အထိ အကုန်ကျခံကာ လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ကြောင်း ဆိုထားသည်။

    ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများကို အစားအသောက်နှင့် ရေများ ထောက်ပံ့ပေးခဲ့ပြီး လူကုန်ကူးခံရခြင်း ရှိ မရှိ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း နခွန်စီထမရတ်ခရိုင် ပြည်သူ့ဆက်ဆံရေးစာမျက်နှာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks