Homeသတင်းမလေးရှားသွားမည့် မြန်မာ ၂၇ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

မလေးရှားသွားမည့် မြန်မာ ၂၇ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

-

ထိုင်း-မြန်မာနယ်စပ်ဂိတ်၊ ပရကျွပ်ခီရီခန်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၇ ဦးကို ထိုင်းအာဏာပိုင်တို့က မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဖမ်းဆီးခံခဲ့ရသည်ဟု အလုပ်သမားအရေးကူညီနေ့သူတို့က ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၇ ဦးသည် ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် တရားမဝင်လမ်းကြောင်းက ဝင်ရောက်ခဲ့စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်၊၊

မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားခအနေဖြင့် တစ်ဦးလျှင် ထိုင်းဘတ် ၄၅၀၀၀ မှ ၅၀၀၀၀ အထိ ပေးခဲ့ရပြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်မှတဆင့် ထိုင်းဘက်ကမ်းသို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ထိုင်းဘက်ခြမ်းရောက်ရှိပြီး အုန်းတောခြံတစ်နေရာတွင် လာခေါ်မည့် ပွဲစားကို စောင့်ဆိုင်းနေစဥ် အပျော်တမ်းငါးဖမ်းရန် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသား ၂ ဦးကို ပွဲစားအထင်ဖြင့် သွားတွေ့ခဲ့ရာမှ ထိုထိုင်းနိုင်ငံသား ၂ ဦးက သက်ဆိုင်ရာသို့ အကြောင်းကြား တိုင်တန်းခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်ဖြစ်သည်ဟု ထိုင်းသတင်းဌာနတို့က ဖော်ပြထားသည်၊၊

မြန်မာအလုပ်သမားအရေးကူညီသူတစ်ဦးက “အခုကိစ္စကို မြန်မာဘက်က အလုပ်သမားကူညီသူတွေကလည်း လုပ်ပေးနေကြပါတယ်၊၊ တကယ်ဆို ပိုက်ဆံပေးရတဲ့ လမ်းကြောင်းတွေဆိုတာ ပွဲစားတွေက နယ်မြေကသူတွေကိုပိုင်လို့ လုပ်ကြတာများတယ်၊၊ အခုဟာက ပွဲစားကလည်းမပိုင်တော့ ပိုပြီးတော့ ရှုပ်သွားတာပေါ့၊ နစ်နာရင် မြန်မာအလုပ်သမားတွေဘဲ အများစုနစ်နာကြတော့ နောက်ဆို ကိုယ်လာမဲ့သူရဲ့ အခြေနေတွေကို သေချာသိအောင်လုပ်စေချင်တယ်”ဟု မှတ်ချက်ပြုသည်၊၊

ဖမ်းဆီးခံရသူ ၂၇ ဦးတွင် အသက် ၁၆ နှစ်မှ ၅၀ ကျော်အထိပါဝင်ပြီး ရခိုင်ပြည်နယ်၊ မြိတ်၊ ထားဝယ်နှင့် မန္တလေးမြို့တို့မှ လာရောက်သူများဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၂၇ ဦးကို ခလောင်ဝါတိုက်နယ်ရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးနိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်၊၊

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts