ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ပေါ်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်စကပြီး တိုက်ပွဲဖြစ်ပွားနေပြီး ဘုရားသုံးဆူမြို့ရဲစခန်းဘက်လည်း မီးလောင်နေသည်ဟု မြို့ခံတို့က ပြောသည်။
ဘုရားသုံးဆူမြို့ ရဲစခန်းကို ကရင်ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း မြို့ခံတို့က ပြောသည်။
ဘုရားသုံးဆူမြို့ပေါ်တိုက်ပွဲနှင့်ပတ်သက်ပြီး အသေးစိတ်ကို ဆက်လက်တင်ဆက်ပေးမည်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ဘုရားသုံးဆူမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးများကို ကရင်ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။


