spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းကလိန်အောင်တွင် ဘုရားကျောင်းလာတက်သည့် သားအဖ ပစ်ခတ်ခံရ၊ သားဖြစ်သူ ဒဏ်ရာပြင်းထန်

    ကလိန်အောင်တွင် ဘုရားကျောင်းလာတက်သည့် သားအဖ ပစ်ခတ်ခံရ၊ သားဖြစ်သူ ဒဏ်ရာပြင်းထန်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ရားဖူးကျေးရွာအုပ်စု၊ မိုင် ၆၀ ကျေးရွာမှ ဆိုင်ကယ်ဖြင့် ခရစ်ယာန်ဘုရားကျောင်းလာတက်သည့် သားအဖ ၂ ဦး ပစ်ခတ်ခံရပြီး သားဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ပစ်ခတ်ခံရသည့် သားအဖသည် မိုင် ၆၀ ကျေးရွာနေ ဦးမင်းလတ်နှင့် သားဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်သြနေသ ၈ တန်း ကျောင်းသားဆိုသူတို့ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခံရခြင်းဖြစ်သည်။

    ဦးမင်းလတ်တို့ သားအဖသည် မိုင် ၆၀ ကျေးရွာမှ မင်းသားကျေးရွာဘုရားကျောင်းသို့ စိန်ဘုံကျေးရွာဖက်ကနေ ဆိုင်ကယ်ဖြင့်အသွား မင်းသားကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အသက် ၆၀ ဝန်းကျင်ရှိ ဦးအောင်လွင်ဆိုသူက ပစ်ခတ်လိုက်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “သူတို့က ခရစ်ယာန်တွေဆိုတော့ တနင်္ဂနွေနေ့ အပတ်တိုင်း မိုင် (၆၀) ရွာမှာ ဘုရားကျောင်းလာတက်ကြတာပါ။ အဲဒါကို ပြည်သူ့စစ် အောင်လွင်က ရက်ရက်စက်စက် သေနတ်နဲ့

    သုံးချက် ပစ်လိုက်တာ။ ဆိုင်ကယ်မရပ်ပေးလို့တဲ့။ အရှေ့မှာ ဆိုင်ကယ်မောင်းနေတဲ့ အဖေကိုမထိပဲ အနောက်မှာ ထိုင်နေတဲ့ သူ့သားကို ထိသွားတယ်။ လည်ပင်းနဲ့ ခေါင်းကိုထိသွားတယ်။ ကလေးက ၁၆ နှစ်ဆို လူပျိုအရွယ်ကောာင်းလေးပါ” ဟု မင်းသားရွာခံတစ်ဦးက ပြောသည်။

    သေနတ် ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် မောင်သြနေသကို ကံပေါက်မောရဝတီရေတပ်ဆေးရုံသို့ တင်ဆောင်ကာ ထိုမှတစ်ဆင့် ထားဝယ်မြို့ဆေးရုံသို့ အရေးပေါ်တင်ဆောင်ကာ ဆေးကုသမှု ခံယူနေရသည်ဟု နီးစပ်သူတို့က ဆိုသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့က ကံပေါက်ဒေသအုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီးနောက် ကံပေါက်တွင် ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီက တားမြစ်ပိတ်ပင်ထားသော်လည်း ဆင်ကူးကျေးရွာ၊ မင်းသားကျေးရွာ၊ လယ်ကြီးကျေးရွာ၊ ဆင်စွယ်ကျေးရွာ၊ စိန်ဘုံကျေးရွာ အစရှိသည့်ကျေးရွာတွေဘက်မှာတော့ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားတာမရှိဘူးဟု ဒေသခံတို့ထံမှ သိရသည်။

    မင်းသားကျေးရွာတွင် စစ်ကောင်စီက လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်နှင့်  ပျူစောထီးအဖွဲ့ဝင် ၁၃ ဦးခန့်ရှိပြီး လက်နက်အားကိုးဖြင့် ဒေသခံတွေကို ခြိမ်းခြောက်လေ့ရှိသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks