Sunday, April 12, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပလိမ့်မည်ဟုဆို

    စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပလိမ့်မည်ဟုဆို

    -

    ရွေးကောက်ပွဲသည် စစ်ကောင်စီအတွက် နိုင်ငံရေး ထွက်ပေါက်တစ်ခု ဖြစ်နေလို့  စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတို့က သုံးသပ်ပြောဆိုသည်။

    စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲသည် တရားမျှတမှုမရှိပဲ လိမ်ညာမှုအမျိုးမျိုးဖြင့် ကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

    “ရွေးကောက်ပွဲက စကစရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်ပါတယ်၊ သူက အဲဒီဟာကို မဖြစ်မနေကျင်းပမှာပါ၊ ဒါပေမဲ့ တရားမျှတမှု ရှိမှာ မဟုတ်ဘူး။ စနစ်တကျလုပ်မှာ မဟုတ်ဘူး။ လိမ်ညာမှု အမျိုးမျိုးနဲ့ မဖြစ်မနေသူက ရွေးကောက်ပွဲဖြစ်အောင် ကျင်းပသွားမယ်လို့ ကျနော် ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

    ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောကြားထားသည်။

    လာမည့်ရွေးကောက်ပွဲသည် ပြည်သူလူထုတစ်ရပ်လုံး၏ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးထွက်ပေါက်ဟုပြော၍ ရကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။

    နိုင်သန်းရွှေက “ရွေးကောက်ပွဲကတော့ အရေးပေါ်ကာလ အခြေခံဥပဒေ ကုန်ဆုံးပြီးတဲ့နောက်မှာ ဒီ ၆ လ အတော အတွင်းမှာ ရွေးကောက်ပွဲ လုပ်ပေးရမယ်ဆိုတော့ ရှိတာပေါ့နော်၊ ၂၀၀၈ ကတော့နော်၊ ၂၀၀၈ အခြေခံဥပဒေ အရ တော့ ကျနော်တို့ ဒီရွေးကောက်ပွဲကိုတော့ လုပ်ကိုလုပ်ရမယ်၊ ဒါပေမဲ့ ကျနော်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီပေါ့နော်၊ ပြန်လည် စတင်နိုင်ဖို့အတွက်က ကျနော်တို့ ဒီရွေးကောက်ပွဲကတော့ အရေးကြီးတာပေါ့၊ အထူးသဖြင့်တော့ အားလုံးပေါ့၊ SAC သာမကပဲ ပြည်တွင်းရှိ ပြည်သူလူထု တစ်ရပ်လုံးအတွက် ငြိမ်းချမ်းမှုအတွက်က ရွေးကောက်ပွဲက နိုင်ငံရေးထွက်ပေါက်တစ်ခုလို့လည်း ဆိုလို့ရတာပေါ့” ဟု ပြောသည်။

    လက်ရှိ အနေအထားအရ စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲတွင် ပြည်သူများ လွတ်လွတ်လပ်လပ်၊ လုံလုံခြုံခြုံနှင့် မဲပေးနိုင်သည့် အခင်းအကျင်းမရှိဘူးဟု ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

    “မဲဆန္ဒရှင်ပြည်သူတွေရဲ့ လုံခြုံမှုနဲ့ လွတ်လပ်မှု၊ ရှိတဲ့ မဲပေးခွင့် ရရှိရေးအတွက် ကြိုးစားဆောင်ရွက်ရမယ့် အပိုင်းတွေ ရှိတယ်၊ ပြီးရင် ပြည်သူတွေက ဒီရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်စားမှုရှိဖို့လည်း လိုဦးမယ်လို့ ကျနော်အဲဒီလို ပြောလိုတယ်၊ လက်ရှိ အခြေအနေမှာတော့က လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ ပြောမယ်ဆိုရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ နေ့စဉ်ရက်ဆက် ဖျက်ဆီးခံနေရတာ ကျနော်တို့ ကြားသိရတယ်၊ ပြည်သူတွေ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတာ သေဆုံးမှုတွေ ဒဏ်ရာရရှိမှုတွေလည်း နေ့စဉ်ရက်ဆက်ကြားသိနေရတဲ့ အခြေအနေရှိတယ်၊ အဲဒါကြောင့် လက်ရှိ အခြေအနေမှာတော့ ပြည်သူတွေက စိုးရိမ်စိတ်အပြည့်နဲ့ နေထိုင်နေရတဲ့ အခြေအနေမျိုးပဲ ရှိနေသေးတယ်လို့ ကျနော်အဲဒီလိုမြင်တယ်၊ အဲဒါကြောင့် လက်ရှိ အခြေအနေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ပြည်သူ လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနဲ့ မိမိဆန္ဒကို မိမိ မဲပေးနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းမျိုး ရှိမနေသေးဘူးလို့ ကျနော်အဲဒီလိုပဲ မြင်တယ်လို့ ပြောလိုတယ်” ဟု ၎င်းက ဆိုသည်။

    ၂၀၂၃ ရွေးကောက်ပွဲကို စစ်ကောင်စီက ၎င်းတို့ရဲ့ နိုင်ငံရေးထွက်ပေါက်ဟု မျှော်လင့်ထားကြောင်း၊ ထို့ကြောင့် အဆိုပါ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီ သမ္မတ ဒူဝါလရှီးလက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်က ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks