spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းလမိုင်းတွင် အသတ်ခံထားရသည့် ကလေးတစ်ဦးအလောင်းတွေ့ ရှိ

    လမိုင်းတွင် အသတ်ခံထားရသည့် ကလေးတစ်ဦးအလောင်းတွေ့ ရှိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ ရေး-လမိုင်းရထားလမ်းဘေးတွင် အသတ်ခံထားရသည့် ကလေးတစ်ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း ပရဟိတလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

    အသတ်ခံထားရသည့် ကလေးသည် အသက် ၁၃ နှစ်အရွယ် မောင်မင်းတင်ဆိုသူဖြစ်ပြီး   ခြံလုပ်သားမိသားစုဝင်တစ်ဦးဖြစ်သည်ဟု သိရသည်။

    မောင်မင်းတင်သည် ဇန်နဝါရီ  ၂၂ ရက်နေ့ မွန်းတည့်ချိန်ကတည်းက ပျောက်ဆုံးနေသည့်အတွက် မိသားစုဝင်များ လိုက်လံရှာဖွေခဲ့ရာမှ ညနေ ၅ နာရီအချိန်ခန့်တွင် ရေး-လမိုင်းရထားလမ်း တံတားနီအနီးတွင် ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    “ကလေးရဲ့အလောင်းကို မနေ့ ညနေ ၅ နာရီလောက်မှာ မိသားစုဝင်တွေက ရှာတွေ့ခဲ့ကြတာလို့ ပြောတယ်။ သူ့တိုက ခြံပိုင်ရှင်ကိုဆက်သွယ်ပြီးတော့ အသိပေးတယ်။ ခြံပိုင်ရှင်က အသင်းရုံးကိုလာပြီးတော့ အကူအညီတောင်းတဲ့အတွက် ကလေးအလောင်းကို သွားသယ်ပေးခဲ့ကြတာပါ” ဟု လမိုင်းလူငယ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    အလောင်းတွေ့ရှိချိန်တွင် သစ်ရွက်၊ သစ်ကိုင်းများဖြင့် ဖုံးအုပ်ထားပြီး အသတ်ခံထားရသည့် ပုံစံတွေ့ရှိရကြောင်း လမိုင်းလူငယ်ပရဟိတအဖွဲ့က ဆက်ပြောသည်။ 

    “ကလေးက အသတ်ခံရတဲ့ ပုံစံမျိုးတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ရထားလမ်းမှာ သွေးကွက်တွေနဲ့ ကလေးရဲ့ ဆံပင်တွေ တွေ့ရတယ်။ ပြီးမှ အလောင်းကို ရထားလမ်းဘေးကိုရွှေ့ပြီးတော့ သစ်ရွက်၊ သစ်ကိုင်းတွေနဲ့ ဖုံးအုပ်ထားမျိုးတွေ့ရတယ်။ ကလေးအလောင်းမှာက ယာဘက်လက်ကောက်ဝတ်က ပြတ်လုနီးပါးဖြစ်နေတယ်။ ဦးခေါင်းမှာ ပြတ်ရှဒဏ်ရာတွေ့ရတယ်” ဟု ပြောသည်။

    အသတ်ခံရထားသည့် မောင်မင်းတင်၏ ရုပ်အလောင်းအား လမိုင်းလူမိုင်းလူငယ်ပရဟိတအဖွဲ့မှ လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks