spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ ဗုံးကြဲမှုကြောင့် KNU မူတြော်ခရိုင်မှ ကလေးတစ်ဦးအပါ ၅ ဦး သေဆုံး

    စစ်ကောင်စီ ဗုံးကြဲမှုကြောင့် KNU မူတြော်ခရိုင်မှ ကလေးတစ်ဦးအပါ ၅ ဦး သေဆုံး

    -

    စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု၊ လေးဝါးကျေးရွာက ကလေးတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံးကြောင်း KNU ဘက်က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီက ဇန်နဝါရီ ၁၂ ရက်နေ့ ၂ နာရီအချိန်ခန့်က တိုက်လေယာဉ် ၄ စင်းဖြင့် ဗုံး ၈ လုံး ကြဲချခဲ့ရာ လေးဝါးကျေးရွာထဲ ၆ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ပါရှိသည်။

    ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၅ နှစ်အရွယ် ကတ်သလစ် သင်းအုပ်ဆရာ စောရယ်ဒီ၊ အသက် ၃၈ နှစ်အရွယ် နှစ်ခြင်းခရစ်ယာဉ် အသင်းအုပ်ဆရာတော် စောချမ်အေး၊ အသက် ၃၅ နှစ်အရွယ် စောဖါးဘလယ်၊

    အသက် ၂၇ နှစ်အရွယ် နော်လါးခလယ်ဖောနှင့် ၎င်း၏ သမီးဖြစ်သူ အသက် ၂ နှစ်ကျော် နော်မရီးနာတို့  သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ၎င်းပြင် အသက် ၄၀ အရွယ် နော်မဲရေဖောနှင့် အသက် ၃၅ နှစ်အရွယ် နော်ဆိတို့နှစ်ဦးလည်း ဗုံးစ ထိမှန်ဒဏ်ရာရရှိခဲ့သည်။

    ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်ခြင်းခရစ်ယာဉ် ဘုရာကျောင်း ၂ ကျောင်း၊ RC ဘုရားကျောင်း ၁ ကျောင်းနှင့် ဒေသခံနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားပြီး အိမ်မွေးတိရစ္ဆာန် သေဆုံးမှုလည်း ရှိခဲ့သည်။

    ထိုနေ့တွင်ပင် ဘူးသိုမြို့နယ်ထဲ စစ်ကောင်စီစစ်က လေယာဉ်ဖြင့်

    ဗုံး ၆ လုံး ကြဲချခဲ့ရာ ၅ လုံး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၃၀ နှစ်အရွယ် နော်ဂေချဲးနှင့် ၎င်း၏သား အသက် ၄ နှစ်အရွယ် စောဖါးဒူးသူတို့ ဗုံးထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်း ထိခိုက်ပျက်စီးသွားသည်။

    စစ်ကောင်စီ၏ လေကြောင်တိုက်ခိုက်မှုကြောင့် ဒေသခံများအကြား စိုရိမ်ထိန့်လန့်နေကြသည်ဟု KNU က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks