spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းCNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရမှု တပ်သား ၃ ဦးသေဆုံး

    CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရမှု တပ်သား ၃ ဦးသေဆုံး

    -

    ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဌာနချုပ်ကို စစ်ကောင်စီက ယနေ့ ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး CNF တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသွားကြောင်း သိရသည်။

    အိန္ဒိယ-မြန်မာနယ်စပ် ထန်တလန်မြို့နယ်အတွင်းရှိ CNF ဌာနချုပ် Victoria Camp ကို စစ်ကောင်စီက လေယာဥ်ဖြင့် ၅ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ‌CNF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “‌သေဆုံးတဲ့ ၃ ဦးထဲမှာ မိန်းကလေး ရဲဘော်တစ်ဦးပါတယ်၊ ဗုံးက ၅ ကြိမ်အကြဲခံရတယ်” ဟု ၎င်းက ပြောသည်။

    ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကလည်း CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

    ချင်းအမျိုးသားတပ်ဦး (CNF/CNA) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် အဖွဲ့ဖြစ်သည်။

    ချင်းအမျိုးသားတပ်ဦး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks