spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းကျုံကဒက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်မှုဖြစ်စဥ်တွင် ဒေသခံ ၄ ဦး ဖမ်းဆီးခံရ

    ကျုံကဒက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်မှုဖြစ်စဥ်တွင် ဒေသခံ ၄ ဦး ဖမ်းဆီးခံရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှုဖြစ်စဥ်ဖြစ်ပွားပြီးနောက် ဒေသခံ ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

    ကျုံကဒက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနောက်ဖက်တွင် ဇန်နဝါရီ ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်ခန့်က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

    အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဦးကြည်ဝင်း၊ ကိုသက်ထူးအောင်၊ အသက် ၇၀ ကျော်အရွယ် ဦးပါကြိုင်နှင့် ၎င်းထံ လာရောက်တည်းခိုနေသည့် အမျိုးသားဧည့်သည်တစ်ဦးတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ‌သံဖြူဇရပ်မှ အမျိုးသားတစ်ဦးက ပြောသည်။

    “ဗုံးပေါက်တဲ့ဖြစ်စဉ်မှာ ပါဝင်ပတ်သတ်နေတဲ့အတွက် စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ လူရော လက်နက်ရော အင်အားအပြည့်အစုံနဲ့ကို လာခေါ်သွားတာ” ဟု ၎င်းက ပြောသည်။

    အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုဖြစ်စဉ်‌တွင် လူထိခိုက်မှုမရှိသော်လည်း ရုံးအဆောက်အဦးအချို့ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

    ဖမ်းဆီးခံရသူများကို သံဖြူဇရပ်မြို့မရဲစခန်းတွင် စစ်ဆေးနေသည်ဟု သတင်းရရှိကြောင်း ဖမ်းဆီးခံရသည့် ဦးကြည်ဝင်း၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

    “အခုထိ သိထားတာတော့ သံဖြူဇရပ်စခန်းမှာရှိတယ်လို့ပဲ သိထားတယ်။ အဆက်သွယ်တော့ မရသေးဘူး” ဟု ၎င်းက ပြောသည်။

    ကျုံကဒက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဗုံး‌ပေါက်ကွဲမှုဖြစ်စဥ်နှင့် ပတ်သတ်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို ထုတ်ပြန်ထားတာမရှိသေးပါ။

    စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်သည့်ဖြစ်စဥ်တွေ ပစ်ခတ်တိုက်ခိုက်ရသည့်ဖြစ်စဥ်တွေ ဆက်တိုက်ဖြစ်ပွားလာနေပြီး လူထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့သည်။

    ၎င်းပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရသည့် ဖြစ်စဥ်တွေလည်း မကြာခနဖြစ်ပွားနေပြီး အများစုကတော့ ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အစည်းတို့က လုပ်ဆောင်ကြောင်း ထုတ်ပြန်ထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks