spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် တစ်နှစ်အတွင်း Covid အတည်ပြုလူနာ ၈၀ ကျော် သေဆုံး

    မွန်ပြည်နယ်တွင် တစ်နှစ်အတွင်း Covid အတည်ပြုလူနာ ၈၀ ကျော် သေဆုံး

    -

    မွန်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း Covid ကူးစက်ခံရသူ ၅၁၀၀ ကျော်ရှိပြီး၊ အတည်ပြုလူနာ ၈၀ ကျော် သေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

    Covid ကူးစက်ခံရသူ ၅၁၀၀ ကျော်တွင် ပြည်တွင်းကူးစက်မှု ၄၅၀၀ ကျော်ရှိပြီး ၆၀၀ ကျော်မှာ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရှိစာရင်းအရ သိရသည်။

    သေဆုံး အတည်ပြုလူနာများတွင်လည်း Covid ကြောင့် သေဆုံးခဲ့သည်ရှိသလို၊ အခြားသော ရောဂါများဖြင့် ဆေးရုံရောက်လာပြီးမှ Covid စစ်ဆေးတွေ့ရှိပြီး သေဆုံးသွားသည့်လူနာများလည်းရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြေသည်။

    “တချို့လူနာတွေက ဥပမာ ကား Accident ဖြစ်လို့ ဆေးရုံကိုရောက်လာတယ်။ အဲ့ဒီလူနာကို ဆေးစစ်ကြည့်တဲ့အခါမှာ Covid Positive ဖြစ်နေတယ်။ ပြီးတော့ သေဆုံးသွားတယ်ပေါ့။ အဲ့ဒီတော့ Covid ကြောင့် တိုက်ရိုက်သေဆုံးသွားတဲ့ လူနာတွေရှိသလို၊ ဆက်စပ်နှီးနွယ်သေဆုံးမှုတွေလည်းရှိပါတယ်” ဟု ၎င်းက ဆိုသည်။

    ၎င်းပြင် ၂၀၂၃ ခုနှစ်ဆန်းပိုင်းကာလတွင် Covid ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည်ဟု ယူဆထားသည့်အတွက်ကြောင့် ဆေးရုံများနှင့် နယ်စပ်အဝင်အထွက်ဂိတ်များတွင် စဉ်ဆက်မပြတ် စောင့်ကြည့် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ကူးစက်မှုနှုန်းများပြားလာမည်ဆိုပါက ကပ်ရောဂါနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူက ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း Covid ကူးစက်လူနာ စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလမှစပြီး ၂၀၂၂ ခုနှစ်ကုန်အထိ Covid လူနာပေါင်း ၁၆၆၀၀ ကျော် တွေ့ရှိခဲ့ကာ လူနာ ၁၄၀၀ ဦးခန့် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် Covid ကူးစက်ရောဂါအရေးကူညီဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks