Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် တရားမဝင် ငါးဖမ်းဆီးမှု ပိုများလာ

    မွန်ပြည်နယ်တွင် တရားမဝင် ငါးဖမ်းဆီးမှု ပိုများလာ

    -

    မွန်ပြည်နယ်တွင် ယခုနှစ် တရားမဝင် ငါးဖမ်းဆီးမှုများ ပိုများလာကြောင်း ပြည်နယ်အတွင်းရှိ ငါးလုပ်ငန်းရှင်များက ပြောသည်။

    ယခင်ကာလတူ အချိန်နှင့် နှိုင်းယှဉ်ပါက တရားမဝင် သံဇကာပိုက်များဖြင့် ငါးဖမ်းဆီးမှုများ ပိုမိုများပြားလာကြောင်း မော်လမြိုင်မှ ငါးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

    “အရင်အစိုးရလက်ထက်တုန်းကကျတော့ အဖွဲ့တွေ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးတာ ဖမ်းဆီးတာ၊ အရေးယူတာတွေလုပ်တော့ တရားမဝင်ငါးဖမ်းတာတွေ လျော့ကျတာပေါ့။ အခုကျတော့ ဘာမှလုပ်ဆောင်တာမရှိတော့ ရဲရဲတင်းတင်းပဲ ဖမ်းနေကြတယ်”ဟု ၎င်းက ပြောသည်။

    တရားမဝင် ငါးဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး ငါးလုပ်ငန်းရှင်များ စုပေါင်းကာ သက်ဆိုင်ရာဌာနများသို့ တင်ပြထားသော်လည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    ကမ်းနီး ကမ်းဝေးတွင် တရားမဝင် တစ်လက်မအောက် သံဇကာပိုက်များဖြင့် ငါးဖမ်းနေကြကြောင်း သိရသည်။

    တစ်လက်မအောက် သံဇကာပိုက်များဖြင့် ငါးဖမ်းဆီးမှုများကြောင့် ငါးသံယံဇာတများ သိသိသာသာကျဆင်းလာခဲ့ကြောင်း မော်လမြိုင်၊ ကျောက်မီးသွေးငါးဈေးမှ ငါးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “ငါးရရှိမှုက တစ်ဖြည်းဖြည်းကို ကျလာတာ။ တစ်လက်မအောက် ပိုက်တွေနဲ့ ဖမ်းမယ်ဆို ပိုဆိူးမယ်။ ဘာလို့ဆို ကြီးထွားခွင့်၊ မျိုးပွားခွင့် မရှိတော့ဘူး။ ငါးသံယံဇာတ လုံးဝပျက်စီးသွားမှာ ဒီတိုင်းပဲထားမယ်ဆိုရင်တော့လေ”ဟု ၎င်းက ပြောသည်။

    ယင်းကဲ့သို့ တရားမဝင် ငါးဖမ်းဆီးသူများကို ငါးလုပ်ငန်းဥပဒေအရ ထောင်ဒဏ် ၃ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးကာ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း ကမ်းနီးကမ်းဝေး ငါးဖမ်းလှေပေါင်း ၄၀၀၀ နီးပါး ရှိပြီး နှစ်စဉ် ငါးတန်ချိန် သိန်းချီ ထွက်ရှိကြောင်း ငါးလုပ်ငန်းရှင်တို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks