မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် သိမ်ဇရပ်ရဲစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရကာ လူနေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။
သိမ်ဇရပ်ရဲစန်းမှ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ၄၀ မမဖြင့် ပစ်ခတ်ခဲ့ပြီး သိမ်ဇရပ်မြို့ အမှတ် (၃) ရပ်ကွက်ကြီး တောင်တခြမ်းရပ်ကွက်ရှိ ဦးကျော်တင့် နေအိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးကျော်တင့်၏သားဖြစ်သူ ၈ နှစ်အရွယ် မောင်မြင့်မြတ်နှင့် တစ်ဝမ်းကွဲညီအစ်ကို တော်စပ်သူ ၈ နှစ်အရွယ် မောင်သန့်စဥ်တို့နှစ်ဦးလက်နက်ကြီးကျည်စထိမှန်ခဲ့သည်။
“ရဲစခန်းက လက်နက်ကြီးနဲ့ ပစ်တာ ရပ်ကွက်ထဲက အိမ်ပေါ် ကျပြီး ထမင်းစား နေကြတဲ့ ကလေး(၂)ယောက် ဒဏ်ရာရတယ် (၁) ယောက်ကတော့ စိုးရိမ်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျည်စထိမှန် ဒဏ်ရာရရှိသည့် မောင်မြင့်မြတ်သည့် သိမ်ဇရပ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာပြင်းထန်သည့် မောင်သန့်ဇင်ကိုတော့ ပဲခူးမြို့ဆေးရုံးကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟုလည်း KNU က ထုတ်ပြန်ထားသည်။
သိပ်ဇရပ်ရဲစခန်းမှ လက်နက်ငယ်များဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်နေ မှုကြောင့် အရပ်သားပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်ဟုလည်း သိရသည်။
အလားတူ ဘီးလင်းမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး KNU လှုပ်ရှားရာနယ် မြေတွင်လည်း စစ်ကောင်စီတပ်တို့က လက်နက်ကြီး လက်နက်ငယ်များဖြင့် မကြာခဏ ပစ်ခတ်နေခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် နေအိမ်ပျက်စီးပြီး ထောင်နှင့်ချီသည့် ဒေသခံတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။