
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က သိမ်ဇရပ်ရဲစခန်းတွင် လက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရပြီး သိမ်ဇရပ် ကြံ့ခိုင်ရေးဥက္ကဌဟောင်း နေအိမ်တွင်လည်း ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသထံတစ်ဦးထံမှ သိရပါတယ်။
လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမူကြောင့် စခန်းအတွင်းရှိ ရဲလိုင်းခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ စခန်းအတွင်းမှ သေနတ်ပစ်အသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။
” ညနေပိုင်းလောက်ကပဲ ဗုံးပေါက်ကွဲအသံ ၂ ချက်ကြားရတယ် သေနတ်အသံများ အဆက်မပြတ်ကြားရတယ် အစက အဲည လပြည့်ညဆိုတော့ မီးပန်တို့ ဗျက်အိုးဖောက်အသံလိုပဲ ထင်ထားတာပေါ့ဗျ နောက်တော့ဘယ်ဟုတ်မလဲ သိမ်ဇရပ်ရဲစခန်းဘက်က လက်နက်အသံကြီးဖြစ်နေတာတယ်လို့” ဒေသခံတစ်ဉီးက ပြောပါတယ်။
ယမန်နေ့ နိုဝင်ဘာလ ည ၇ နာရီအချိန်တွင် သိမ်ဇရပ် ကြံ့ခိုင်ရေးဥက္ကဌဟောင်း ဖြစ်သူ ဦးခင်ဇော်၏ နေအိမ် ဗုံးခွဲခံရပြီး မည်သည်တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူးလို့ သိရပါတယ်။
အလာတူ နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် သံတံတားဂိတ်သည်လည်း လက်နက်ကြီးဖြင့် ၂ ချက်ပစ်ခတ်ခံရပြီး ခဏကြာတွင် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လာခဲ့တယ်လို့သိရပါတယ်။