Sunday, March 8, 2026
More
    spot_img
    Homeသတင်းဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးနေသည့် နှစ်ကရင်က အမျိုးသမီး ထိုးသွင်းဒဏ်ရာများဖြင့် ပြန်တွေ့

    ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးနေသည့် နှစ်ကရင်က အမျိုးသမီး ထိုးသွင်းဒဏ်ရာများဖြင့် ပြန်တွေ့

    -

    Photo : ပျောက်ဆုံးနေသည့် နှစ်ကရင်က အမျိုးသမီး (source : Facebook)

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာက ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးနေသည့် အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာအား ဓားထိုးသွင်းဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့သည်ဟု မိသားစုဝင်တို့ထံမှ သိရသည်။

    မဖူးပွင့်ကဗျာကို နိုဝင်ဘာလ ၆ ရက်နေ့က နှစ်ကရင်ရွာအထွက် ဆင်နှစ်ကောင်အကွေ့မရောက်ခင် သင်္ချိုင်းအနီး ခြုံကြားတွင် ဓါးထိုးသွင်းဒဏ်ရာ ၅ ချက်၊ ထိုးကြိတ်ခံရသောဒဏ်ရာများ (စိုးရိမ်ရ) ဖြင့် ပြန်လည် တွေ့ရှိခဲ့သည်။

    ”တွေ့တဲ့အချိန်မှာ ငြိမ်နေတော့ အသက်မရှင်တော့ဘူး ထင်ခဲ့တာ လှုပ်ခါကြည့်လိုက်တော့မှ လှုပ်လာခဲ့တယ်” မဖူးပွင့်ကဗျာ၏ အမဖြစ်သူက ပြောသည်။

    နှစ်ကရင်ကျေးရွာသူ မပြည့်ဖြိုးဝေနှင့် သံဖြူဇရပ်မြို့သား မောင်ချမ်းမွန် (ခ) အာရုံဦးတို့ လင်မယား (၂)ဦးမှ နိုဝင်ဘာလ ၅ ရက်နေ့ နေလည် (၂)နာရီ ဝန်းကျင်အချိန်ခန့်က သံဖြူဇရပ်သို့ ပြန်ရန် နှစ်ကရင်ကျေးရွာ လမ်းဝသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းသဖြင့် မဖူးပွင့်ကဗျာက ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။

    ညပိုင်းအချိန်ထိ နေအိမ်သို့ ပြန်မရောက်လာသဖြင့် မဖူးပွင့်ကဗျာ၏ မိသားစုဝင်နှင့် ဒေသခံတို့ လိုက်လံရှာဖွေခဲ့ရာမှ ပြန်တွေ့ခဲ့ခြင်းဖြစ်သည်။

    ”သူက ကျောင်းနေဘက်သူငယ်ချင်းပဲ အပြင်ကိုခနပို့ပေးပြောလားလို့ ပို့ပေးတယ် ဟိုရောက်တော့ မယားက ထိန်းထားပြီး လင်က ကပ်ကြေးနဲ့ ထိုးတယ် ပါးရိုက်ပြီး ထိုးတာ” ဟု မဖူးပွင့်ကဗျာက ပြောသည်။

    မဖူးပွင့်ကဗျာကို ပြန်တွေ့ချိန်တွင် ဆိုင်ကယ်နှင့် လက်ဝတ်လက်စားများ မရှိတော့ဘူးလို့လည်း မိသားဝ

    ပြင်းထန်ဒဏ်ရာရရှိသည့် မဖူးပွင့်ကဗျာကို မော့ကနင်မှ ရွှေဟင်္သာလူမှုကယ်ဆယ်ရေးအသင်းအကူအညီဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူနေရသည်။

    လက်ရှိတွင် မပြည့်ဖြိုးဝေနှင့် မောင်ချမ်းမွန် (ခ) အာရုံဦးတို့ လင်မယားနှစ်ဦး ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး သက်ဆိုင်ရာများကလည်း လိုက်လံ ရှာဖွေနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks