Sunday, March 8, 2026
More
    spot_img
    Homeသတင်းခေါဇာမြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါဝင် အရပ်သား (၃) ဦး ဒဏ်ရာရ

    ခေါဇာမြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါဝင် အရပ်သား (၃) ဦး ဒဏ်ရာရ

    -

    လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် အမျိုးသားတစ်ဦး – ခေါဇာမြို့ သတင်း FB

    မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့၌ နိုဝင်ဘာလ ၄ ရက် ညပိုင်းအချိန်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ် အပါဝင် ဒေသခံအရပ်သား မိသားစုဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

    အဆိုပါ လက်နက်ကြီးကြောင့် ဒဏ်ရာရသွားသည့်သူများမှာ အသက် ၅၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၆ နှစ်နှင့် ရ နှစ်အရွယ်ရှိ မိန်းကလေး (၂) ဦးတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    ဒေသခံတွေဘက်ကတော့ လက်နက်ကြီးကျည်တွေဟာ ခေါဇာအခြေစိုက် ခလရ (၃၁) စစ်ကောင်စီတပ်ရင်းကနေ တစ်ဖက်သတ် ပစ်ခတ်တာလို့ ပြောဆိုနေကြပါတယ်။

    "လက်နက်ကြီးက ရွာထဲကို ၅ ချက်လောက်ကျတယ်၊ လက်နကၛယ်တွေနဲ့လည်း ဆက်တိုက်ပစ်နေတာ၊ တိုက်ပွဲဖြစ်တာနဲ့ တူမနေဘူး၊ ဒီအတိုင်းပဲ သူတို့ (ခလရ-၃၁ တပ်ရင်း) ပစ်တယ်လို့ ယူဆရတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် မိန်းကလေးငၛယ် (၂) ဦးတို့မှ မျက်နှာတွင် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိပြီး ခန္ဓာကိုယ်ထဲ ကျည်စထိဝင်သွားတဲ့အမျိုးသားတစ်ကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနှင့် ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့ကလည်း ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့မရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း) MSDF-S တပ်ဖွဲ့က လာရောက်ပစ်ခတ်သည့် ဖြစ်စဉ်ရှိခဲ့သည်။

    ခေါဇာမြို့သည် ရေးမြို့တောင်ဘက် ၂၄ မိုင်အကွာတွင်တည်ရှိရာ ၂၀ဝဝ ခုနှစ်နောက်ပိုင်းတွင် ခလရ ၃၁ တပ်ရင်းလာရောက် အခြေစိုက်ပြီးနောက် ကျေးရွာအုပ်စုမှ မြို့နယ်ခွဲအဆင့်သို့ တိုးမြင့်သတ်မှတ်ကာ ရဲစခန်းနှင့် အစိုးရရုံးများ ထားရှိခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks