Homeသတင်းမွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို အကျဥ်းချုံးသာ ကျင်းပသွားမည်

မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို အကျဥ်းချုံးသာ ကျင်းပသွားမည်

-

၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား၊ မော်လမြိုင်မြို့ ။ Source: MITV

၇၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် အကျဥ်းချုံးသာ ကျင်ပသွားမည်ဟု အခမ်းအနားဖြစ်မြောက်ရေးကော်မတီတာဝန်ရှိသူတို့က ပြောသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ (တပို့တွဲလပြည့်ကျော် ၁ ရက်နေ့) တွင် ကျရောက်သည့် ၇၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနား ကျင်းပရန်အတွက် ကျင်းပရေးကော်မတီကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည်။

သို့သော်လည်း အခမ်းအနားကျင်းပမည့်နေရာနှင့် အခမ်းအနားကျင်းပမည့်အစီအစဥ်အသေးစိတ်ကို မဆုံးဖြတ်ရသေးဘူးလို့ ဟု ၇၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဌ နိုင်မင်းအောင်ထူးက ပြောဆိုသည်။

”ဒီနှစ်ကတော့ နိုင်ငံရေးအခြေအနေအရပ်ရပ်ကိုကြည့်ပြီးတော့ ကျနော်တို့ အများကြီး ချင့်ချိန်ရမယ် တစ်ဖက်မှာလဲ ကျနော်တို့ တိုင်းပြည်ရဲ့ ကနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ်မှာ ကျနော်တို့ ဘယ်လိုသဘောထားမလဲ ဘယ်လိုရပ်တည်မလဲ ပြီးတော့ ဘယ်အတိုင်းအတာနဲ့ လုပ်သင့်မလဲဆိုတာကို ချမှတ်သွားရမယ်” ဟု နိုင်မင်းအောင်ထူးက ဆက်ပြောသည်။

၇၆ ကြိမ်မြောက် မွန်အမျိုးသားနေ့  ဗဟိုကျင်းပနိုင်ရေးကော်မတီကို မြို့နယ်အများစုက ကိုယ်စားလှယ်တို့ဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့က   ဖွဲ့စည်းခဲ့သည်။

မွန်အမျိုးသားနေ့အခမ်းအနားကို ယခင်က မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်များ စုပေါင်းကာ ကျင်းပရေးကော်မတီ (ဗဟို) ကို ဖွဲ့စည်းခဲ့သည်။

ကျင်းပရေးကော်မတီ ဗဟိုအဆင့်ကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို တစ်နှစ်လျှင် တစ်မြို့နယ်ဖြင့် အလှည့်ကျကျင်းပလာခဲ့သည်။ 

သမလ၊ ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts