spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်လူ့ အခွင့်ရေးဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံအရှေ့ တောင်ပိုင်း စီးပွားရေး လူမူရေးအခြေနေ ထင်ဟပ်သည့် ‘အလုံးစုံပျက်သုန်းခြင်း’ အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်

    မွန်ပြည်လူ့ အခွင့်ရေးဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံအရှေ့ တောင်ပိုင်း စီးပွားရေး လူမူရေးအခြေနေ ထင်ဟပ်သည့် ‘အလုံးစုံပျက်သုန်းခြင်း’ အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်

    -

    နစက စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီး နောက်ပိုင်း လူအခွင့်ရေးချိုးဖောက်မှု၊ စစ်ရေးပဋိပက္ခနှင့် စီးပွားရေးစီမံခန့် ခွဲမှု အမှားအယွင်းများကြောင့် မြန်မာနိုင်ငံတနိုင်ငံအတွင်းရှိ ပြည်သူလူထုများကဲ့သို့ နိုင်ငံအရှေ့ တောင်ပိုင်းရှိ တိုင်းရင်းသားပြည်သူများ၏ စီးပွားရေး လူမူရေး အခြေအနေအရပ်ရပ်မှာ ယိုယွင်းပျက်စီးရကြောင်း စာမျက်နှာ (၈၀) ခန့် ရှိသည့် မွန်ပြည်လူ့ အခွင့်ရေးဖောင်ဒေးရှင်း (Human Rights Foundation of Monland – HURFOM) ၏ အောက်တိုဘာလ ၂၆ ရက်နေ့ တွင် ထုတ်ဝေသည့် ‘အလုံးစုံပျက်သုန်းခြင်း’ အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

    HURFOM ၏ အစီရင်ခံစာတွင် အာဏာသိမ်းပြီးနောက်ပိုင်း နစက စစ်ကောင်စီ (စစ်အုပ်စု) သည် လက်နက်မဲ့ အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုကိုလည်း စစ်အုပ်စုတပ်ဖွဲ့ ဝင်တို့ က ကျယ်ကျယ်ပြန့် ပြန့် ကျူးလွန်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုသို့ သော အကြမ်းဖက်လုပ်ရပ်များကြောင့် မွန်ပြည်နယ် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသများမှ ပြည်သူလူထုထောင်ပေါင်းများစွာ အိုးအိမ်စွန့် ခွာ ထွက်ပြေးတိမ်းရှောင်ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

    လူ့ အခွင့်ရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုများကြောင့် ပြည်သူလူထုဘဝမှာ လုံခြုံမှု မရှိတော့သည့်အပြင် ပြည်သူတို့ ၏ လူမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုများလည်း အခြေအနေ ဆိုးဝါးလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

    အစီရင်ခံစာတွေ့ ရှိချက်နှင့် ပတ်သက်ပြီး HURFOM ၏ စီမံကိန်းဒါရိုက်တာ နိုင်အဲမွန်က "ကျနော်တို့ သိရသလောက် အချက်အလက် စုဆောင်းရသလောက်ဆိုရင်၊ စစ်ကောင်စီတော့ ပြည်သူတွေရဲ့ လူမူဘဝနဲ့ အသက်မွေးဝမ်းကျောင်းမှုကို လုံးဝလျစ်လျူရူထားတယ်။ ပညာရေးစနစ် ပျက်စီးသွားပြီးတော့ ကလေးငယ်တွေရဲ့ သင်ယူနိုင်ခွင့် အခွင့်လမ်းတွေလဲ ဆုံးရှုံးရတယ်။ စစ်တပ်ရဲ့ စီးပွားရေးစီမံခန့် ခွဲရေး အလွဲတွေကြောင့် ငွေကြေးဖောင်းပွပြီးတော့ ဈေးကွက်လဲ ပျက်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလဲ မရှိတော့ဖူး" ဟု ပြောပြသည်။

    အစီရင်ခံစာကို အချိန်တနှစ်နီးပါးယူကာ ပြုစုခဲ့ခြင်း ဖြစ်ပြီး၊ လူချင်းတွေ့ ဆုံ အင်တာဗျူး မေးမြန်းခြင်း၊ အဖွဲ့ လိုက်ဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် နယ်မြေအတွင်းရှိ လူ့ အခွင့်ရေးသုတေသနပြုစုသူများ ၏ အစီရင်ခံစာများအပေါ် မူတည်ပြီး ပြုစုခဲ့ပြီး အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ဖြန့် ဝေကြောင်း သိရသည်။ အစီရင်ခံစာမှာ စာမျက်နှာ (၈၀) ခန့် ရှိသည်။

    အစီရင်ခံစာ၏ အကြံပြုတိုက်တွန်းချက်တွင် "ကမ္ဘာ့ခေါင်းဆောင်များနှင့် သံတမန်များအနေဖြင့် ၎င်းတို့ ၏ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကာကွယ်စောင့်ရှောက်ပေးရန် အရပ်ဖက်လူမူအဖွဲ့ အစည်းများမှ အကြိမ်ဖန်များစွာ တောင်းဆိုခဲ့သည်။ ရှုံ့ချကန့် ကွက်သည့် စကားလုံးများထက် တိကျသေချာသည့် အရေးယူမှုများ တုံ့ ပြန်ရန် အရေးတကြီး လိုအပ်နေသည်" ဟု ဖော်ပြထားသည်။ နစက စစ်ကောင်စီအား အပြည်ပြည်ဆိုင်ရာဥပဒေများအတိုင်း အပြင်းထန်ဆုံး အပြစ်ပေးအရေးယူရန်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    Report Link: https://rehmonnya.org/reports/wiped-out-Bur.pdf

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks