Homeသတင်းမွန်ဝန်ကြီးချုပ်ဟောင်း ရွေးကောက်ပွဲအမှု ပြန်ခေါ်သက်သေ စစ်ဆေး

မွန်ဝန်ကြီးချုပ်ဟောင်း ရွေးကောက်ပွဲအမှု ပြန်ခေါ်သက်သေ စစ်ဆေး

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ

ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံထားရသော မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို စွဲဆိုထားသော ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် အောက်တိုဘာ ၁၈ ရက်နေ့ ရုံးချိန်းတွင် ပြန်ခေါ်သက်သေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း မလျော်ဩဇာသုံးခဲ့သည်ဟူသော စွဲဆိုချက်ဖြင့် ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁ (စ) နှင့် အမှု ၂ မှု ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၈ ရက်နေ့ ရုံးချိန်းတွင် တရားလိုဖြစ်သည့် မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်နှင့် တရားလိုသက်သေဖြစ်သည့် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်လင်းထက်တို့ကို စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ
မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ

ထို့နောက် လာမည့် ရုံးချိန်းကို အောက်တိုဘာ ၂၈ ရက်တွင် ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။ ဒေါက်တာအေးဇံကို ကျိုက်မရောဗဟိုအကျဉ်းထောင်၏ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စွဲချက်နှင့်ပတ်သတ်ပြီး ဒေါက်တာအေးဇံက ၎င်းတွင် အပြစ်မရှိကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။

နစက ကောင်စီက ဒေါက်တာအေးဇံကို ဝန်ကြီးချုပ် တာဝန်ယူနေစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ စီးပွားရေးလုပ်ငန်းရှင်များထံက ငွေကြေးရယူခဲ့သည့်ဆိုသော စွဲချက်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု ၉ မှု ဖွင့်ခဲ့ပြီး ထောင်ဒဏ် ၂၁ နှစ်၊ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခဲ့ပြီး ထောင်ဒဏ် ၂ နှစ် နှင့် ပုဒ်မ ၁၃၀(က) ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချခံထားရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts