Sunday, March 15, 2026
More
    spot_img
    Homeသတင်းသိမ်ဇရပ်မြို့တွင် လင်းမယားနှစ်ဦး သေနတ်ဖြင့်  ပစ်ခတ်ခံရပြီး အမျိုးသမီးဖြစ်သူ သေဆုံး

    သိမ်ဇရပ်မြို့တွင် လင်းမယားနှစ်ဦး သေနတ်ဖြင့်  ပစ်ခတ်ခံရပြီး အမျိုးသမီးဖြစ်သူ သေဆုံး

    -

    မွန်သတင်းအေဂျင်စီ  (၂၀၂၂ စက်တင်ဘာ ၂၆)

    မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၊ အကွက် ၄ ရပ်ကွက်တွင် ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က လင်းမယားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမူကြောင့် အမျိုးသမီးဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။

    အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးသေဆုံးခဲ့သလို အမျိုးသားမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

    ဒေသခံတစ်ဦးက “မနေ့က ၂ နာရီခွဲအချိန်လောက်ပဲ လင်မယား ၂ ယောက် အိမ်မှာပဲရှိနေတဲ့အချိန်ပဲ ဘယ်က အဖွဲ့လဲမသိဘူး ကားနဲ့ လာပြီး သေနတ်နဲ့ လှမ်းပစ်လိုက်တာ ဇနီးပွဲချင်းပြီးပဲသေသွားတယ်။ ယောကျာ်းဖြစ်သူက ထိခိုက်ဒဏ်ရာ ရသွားတယ်” ဟု ပြောသည်။

    အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူ ဦးအေးလွင်မှာ ဦးခေါင်းပိုင်းတွင် ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး  ဇနီးဖြစ်သူ ဒေါ်မြင့်သန်းမှာ ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

    ဦးအေးလွင်တို့ လင်းမယားနှစ်ဦးကို သေနတ်ဖြင့် လုပ်ကြံပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း မသိရှိရသေးပေ။

    ထိခိုက်ဒဏ်ရာရသူ ဦးအေးလွင်မှာ ‌ဗေဒင်ဆရာတစ်ဦး ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာစစ်တပ်က အာဏာယူပြီးနောက် မွန်ပြည်နယ်အတွင်းတွင် အုပ်ချုပ်ရေးမှူးများ၊ USDP ပါတီဝင်များ၊ စစ်မှူးထမ်းဟောင်းများ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရမှုများ ရှိနေသည်။

     Topics; #သိမ်ဇရပ်မြို့ #ရေးမြို့နယ် #လင်မယား #သေနတ်ပစ်ခံရ #သေဆုံး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks