spot_img
Monday, September 15, 2025
More
    spot_img
    Homeသတင်းဝယ်လိုအား မရှိ၍ ရေးကွမ်းသီးအရောင်းအဝယ် ခဏရပ်နားထား

    ဝယ်လိုအား မရှိ၍ ရေးကွမ်းသီးအရောင်းအဝယ် ခဏရပ်နားထား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၂၅)

    မွန်ပြည်နယ်ဈေးကွက်အတွင်း ဝယ်လိုအား မရှိသောကြောင့် ရေးကွမ်းသီး အရောင်းအဝယ် ခဏရပ်နားထားကြောင်း ရောင်းဝယ်သူများထံက သိရသည်။

    ဈေးကွက်အတွင်း ဝယ်ရောင်းလုပ်မည့်သူများ မရှိသောကြောင့် ကုန်သည်များလည်း အရောင်းအဝယ်ရပ်ထားကြောင်း ကွမ်းသီးရောင်းဝယ်သူ တစ်ဦးက ပြောသည်။

    “ကုန်သည်တွေက ကွမ်းသီးလာရောင်းရင် ငွေစိုက်ပြီး ရှင်းပေးရတယ်။ ဒါပေမယ့် အခုက အရောင်းအဝယ်လည်း မရှိတော့ သူတို့လည်း ငွေစိုက်ပြီး မဝယ်နိုင်တော့ဘူး အဲဒါကြောင့် လုပ်ငန်းပါ ရပ်နားထားရတယ်”ဟု ၎င်းက ပြောသည်။

    ထို့ကြောင့် လက်ကျန်ပစ္စည်းများကိုသာ ရောင်းချနေပြီး ပစ္စည်းဝယ်ယူမှု ခဏရပ်နားထားကြောင်း၊ ပြည်တွင်းဈေးကွက်၌ ကွမ်းသီးအရောင်းအဝယ် ရပ်နားထားသည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

    ပြည်တွင်းဈေးကွက်၌ အရောင်းအဝယ် မရှိသော်လည်း ပစ္စည်းဝယ်ယူသိုလှောင်သူများ ရှိကြောင်း မော်လမြိုင် ဈေးကြီးမှ ကွမ်းသီး‌၊ ကွမ်းရွက် ရောင်းဝယ်ရေးလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

    “ခြံသမားတွေဆီကနေ တိုက်ရိုက် ကြိုက်ဈေးပေးပြီး ဝယ်လှောင်တဲ့သူတွေတော့ရှိတယ်။ ပိုက်ဆံရှိလို့ ဝယ်လှောင်တဲ့သဘောပေါ့။ အရောင်းအဝယ်ကတော့ မရှိသေးဘူး”ဟု ၎င်းက ပြောသည်။

    စက်တင်ဘာ ဒုတိယအပတ်အထိ ရေးကွမ်းသီး တစ်ပိဿာ ၉၂၀၀ ကျပ် ပေါက်ဈေးရှိခဲ့သော်လည်း အရောင်းအဝယ်ရပ်ထားသောကြောင့် စက်တင်ဘာ ၂၄ ရက်မနက်ပိုင်းတွင် ရေးကွမ်းသီး တစ်ပိဿာ ၈၀၀၀ ကျပ်ထိ ပြန်လည်ကျဆင်းခဲ့သည်။

    မွန်ပြည်နယ်မှ ထွက်ရှိသော ကွမ်းသီးခြောက်များကို ရန်ကုန်၊ ပဲခူးနှင့် တစ်ခြားသော ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

    Topics; #မွန်ပြည်နယ် #ရေးမြို့နယ် #ကွမ်းသီး #အရောင်းအဝယ် #ရပ်နား

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,800SubscribersSubscribe
    spot_img

    Latest posts