spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းဘိလပ်မြေဈေး မြင့်တက်လာ၍ တစ်နိုင်တစ်ပိုင် ကွန်ကရစ်လုပ်ငန်း လုပ်ကိုင်သူတစ်ချို့ ရပ်နား

    ဘိလပ်မြေဈေး မြင့်တက်လာ၍ တစ်နိုင်တစ်ပိုင် ကွန်ကရစ်လုပ်ငန်း လုပ်ကိုင်သူတစ်ချို့ ရပ်နား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၂၄)

    ဘိလပ်မြေဈေးများ မြင့်တက်လာသောကြောင့် မော်လမြိုင်မြို့နယ်မှ တစ်နိုင်တစ်ပိုင် ဘိလပ်မြေလုပ်ငန်း လုပ်ကိုင်သူတစ်ချို့ ရပ်နားလာကြောင်း သိရသည်။

    ယခင်တွင် ဘိလပ်မြေ တစ်အိတ် ၆၀၀၀ ကျပ် ဝန်းကျင်သာ ရှိသော်လည်း လက်ရှိတွင် တစ်အိတ် ၂၀၀၀၀ နီးပါး မြင့်တက်လာခဲ့ကြောင်း ကွန်ကရစ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

    “အလုပ်သမားခတွေ မပါသေးဘူး။ ကုန်ကြမ်းမှာတင် ဈေးက သုံးဆလောက်တက်လာတယ်။ အမှာတွေကလည်း အရင်နှစ်ကလောက်မရတော့ အဆင်မပြေလေ။ အမှာတွေ ရမှပဲ လုပ်ပေါ့။ ကျန်တဲ့အချိန်တော့ နားထားတယ်”ဟု ၎င်းက ပြောသည်။

    ဘိလပ်မြေဈေးများ ၂၀၀၀၀ နီးပါး မြင့်တက်လာသောကြောင့် ကွန်ကရစ်တိုင်၊ ဘိလပ်မြေအုတ်နှင့် ကွန်ကရစ်ခွေ လုပ်ကိုင်မှုကို ရပ်နားထားကြောင်း ၎င်းက ဆက်ပြောသည်။

    ဘိလပ်မြေ၊ အုတ်၊ ကွန်ကရစ်ခွေများကို လမ်းတံတား၊ အဆောက်အအုံ၊ အိမ် စသည့် နေရာများတွင် သုံးစွဲကြသော်လည်း လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းများလည်း ရပ်နားထားကြကြောင်း မော်လမြိုင်မြို့မှ ဘိလပ်မြေအုတ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

    “ဆောက်လုပ်ရေးတွေကို အားကိုးရတာလေ။ အခုက ဘာဆောက်လုပ်ရေးမှ မရှိတော့ အမှာတွေလည်း မရှိဘူးပေါ့”ဟု ၎င်းက ပြောသည်။

    ယခုအချိန်တွင် လုပ်ငန်းကြီးလုပ်ကိုင်နေသူများသာ လုပ်ငန်း ဆက်လက်လည်ပတ်နေနိုင်သည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    အလားတူ ရေးမြို့နယ်တွင်လည်း တစ်နိုင်တစ်ပိုင် ကွန်ကရစ်လုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းရပ်နားလာကြောင်း သိရသည်။

    Topics; #မော်လမြိုင် #ဘိလပ်မြေ #ကွန်ကရစ်လုပ်ငန်း #ဆောက်လုပ်ရေး #ရပ်နား

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks