spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် ညမထွက်ရကန့်သတ်ချိန် ထွက်မိ၍ သေနတ်ပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံး

    ရေးမြို့နယ်တွင် ညမထွက်ရကန့်သတ်ချိန် ထွက်မိ၍ သေနတ်ပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၂၄)

    ရေးမြို့နယ် ကလော့ကျေးရွာတွင် နစက ကောင်စီ သတ်မှတ်ထားတဲ့ ညမထွက်ရအမိန့် ကန့်သတ်ချိန် အချိန်လွန်ထွက်မိ၍ အမျိုးသားတစ်ဦး သေနတ် ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

     ရေးမြို့နယ်တွင် ည ၈ နာရီ မထွက်ရအမိန့်ချထားကြောင်း၊ အဆိုပါ သေဆုံးသူမှာ ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့ ည ၂ နာရီအချိန်ခန့်က ထွက်၍ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

    ” ညဘက် ၈ နာရီ ညမထွက်ရအမိန့် ချထားတာကို သူက ညဘက်အပြင်ထွက်မိတာ သူလဲ အဲဒီလမ်းဖြတ်သွားတဲ့ အချိန်မှာ စစ်တပ်က သေနတ်နဲ့ လှမ်းပစ်တာ သေဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။

    ၎င်းပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ အဆိုပါ အမျိုးသားရုပ်အလောင်းကို ကားနှင့် တင်ဆောင်လာပြီး ရွာအဝင်ဝတွင် ထားခဲ့ကြောင်း သိရသည်။

    သေဆုံးသူမှာ အသက် ၃၅ နှစ်ရှိ ဦးနိုင်ဦးဖြစ်ပြီး ကလော့ကျေးရွာတွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

    အဆိုပါ အမျိုသား၏ ရုပ်အလောင်းကို ရေးမြို့ ပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံမှ ရေးမြို့နယ် ကလော့‌ကျေးရွာ သုဿာန်ဇရပ်အသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ရေးမြို့နယ်အတွင်း မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများ ရှိလာသည့်အတွက် ရေးမြို့နယ်ကို သြဂုတ် ၅ ရက်နေ့စွဲဖြင့် ဒေသန္တရအမိန့် ၃/၂၀၂၂ ထုတ်ပြန်ကြောင်း နစကကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးမှူးက ကြေညာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks