spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း ဆေးဝါးဈေးနှုန်းများ ယခင်ထက် ထက်ဝက်ခန့် ဈေးတက်

    မွန်ပြည်နယ်အတွင်း ဆေးဝါးဈေးနှုန်းများ ယခင်ထက် ထက်ဝက်ခန့် ဈေးတက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၂၁)

    ဒေါ်လာဈေး အပြောင်းအလဲများကြောင့် မွန်ပြည်နယ်အတွင်း ဆေးဝါးဈေးနှုန်းများ ယခင်ထက် ထက်ဝက်ခန့်‌ ဈေးတက်သွားကြောင်း သိရသည်။

    ဒေါ်လာဈေးနှုန်း အပြောင်းအလဲများကြောင့် တစ်ပတ် နှင့် တစ်ပတ် ဆေးဝါးဈေးနှုန်းများ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့ကြောင်း မော်လမြိုင်မှ မေရှင်းဆေးဆိုင်ပိုင်ရှင်က ပြောသည်။

    “ကုမ္ပဏီကပ်ဈေးနဲ့ လာတဲ့ဆေးတွေဆိုလည်း ဈေးတွေက အရင်ထက် နှစ်ဆလောက်ကွာတယ်။ နောက်ပြီး ဆေးတွေ လိုသလောက်မရဘူး။ မရတဲ့ဆေးအမျိုးအစားတွေဆို အများကြီးပဲ”ဟု ၎င်းက ပြောသည်။

    အိမ်တွင်းဆောင်ထားသော ဆေးဝါးများဖြစ်သည့် ဒီကိုဂျင် တစ်ကဒ် ၂၅၀၀ ကျပ်၊ ပါရာကဒ် တစ်ကဒ် ၁၂၀၀ ကျပ်၊ ပါရာစီတမော တစ်ကဒ် ၁၅၀၀ ကျပ် ထိ ဈေးတက်လာကြောင်း ၎င်းက ဆက်ပြောသည်။

    အလားတူ အားဆေးဈေးနှုန်းများ ယခင်ထက် ၂၅၀၀ ကျပ်ခန့် ဈေးတက်လာခဲ့ကြောင်း ဆေးကုမ္ပဏီများမှလည်း ဆေးများကို ခွဲတမ်းစနစ်ဖြင့်သာ ရောင်းချပေးနေကြောင်း သိရသည်။

    မော်လမြိုင်မြို့ သီရီမြိုင်ရပ်ကွက်မှ ဓန ဆေးဆိုင်ရှင်က “ကုမ္ပဏီဆီက မှာတဲ့ဆေးတွေ အကုန်မရဘူး။ သူတိူ့ဆီမှာ ပစ္စည်းတွေ ပျက်တယ်။ မြေပြင်မှာက လိုတဲ့သူများတယ်။ ကုမ္ပဏီမှာက မရှိဘူး။ ရရင်လည်း နည်းနည်းပဲဆိုတော့ ဈေးက တက်တာပေါ့”ဟု ပြောသည်။

    ထို့ပြင် ဆီးချိုသမားများ အသုံးပြုနေသော ဆေးနှင့် ဆေးထိုးအပ်များလည်း ယခင်ထက် ဈေးတက်လာကြောင်း သိရသည်။

    မော်လမြိုင်မှ ဒေသခံတစ်ဦးက “အရင်ကဆို ဆေးထိုးတဲ့ ဘောပင်တစ်ချောင်းဆို ၂၀၀ ပဲ အခုဆို ၅၀၀ ဖြစ်သွားပြီ။ မသုံးလို့လည်း မရဘူးလေ။ နေ့တိုင်းသုံးနေရတယ်။ ဒီဈေးနဲ့ကတော့ ဘယ်လိုလို့ အဆင်ပြေမှာလဲ”ဟု ပြောသည်။

    ပြီးခဲ့သည့် မတ်လ အတွင်းကလည်း မွန်ပြည်နယ်ရှိ HIV လူနာများ ဆေးဝါး ရယူရန်နှင့် ထောက်ပံ့ပစ္စည်းများ ရရှိရန်အတွက် အခက်အခဲများ ရှိခဲ့သည်။

    မွန်ပြည်နယ်အတွင်း အိမ်သုံးဆေးဝါးများအပြင် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများ ပြတ်လပ်မှုရှိနေပြီး ဈေးနှုန်းများ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။

    Topics; #မွန်ပြည်နယ် #ဆေးဝါးဈေးနှုန်း #ဒေါ်လာဈေးတက် #ပစ္စည်းများပြတ်လပ်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks