spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးစေတီတော်သို့ ဩဂုတ်လအတွင်း ခရီးသွားဧည့်သည် ၂၀၀၀ ကျော်သာလာရောက်

    ကျိုက်ထီးရိုးစေတီတော်သို့ ဩဂုတ်လအတွင်း ခရီးသွားဧည့်သည် ၂၀၀၀ ကျော်သာလာရောက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁၉)

    ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်း ပြည်ပ ခရီးသွား ၂၀၀၀ကျော်သာ လာရောက် ဖူးမြှော်ခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

    ပြီးခဲ့သည့်လများထက် ဩဂုတ်လအတွင်း ပြည်ပ၊ ပြည်တွင်းခရီးသွား ဝင်ရောက်မှု လျော့ကျခဲ့ကြောင်း ကျိုက်ထိးရိုး ဂေါပအဖွဲ့ခေါင်းဆောင် ဦးစိုးလှက ပြောသည်။

    “ဒီလက နည်းနည်းပိုလျော့သွားတယ်ဗျ၊ ဇူလိုင်လတုန်းက ၇၄၆၀ လောက် ပြည်တွင်းက လာပါတယ်။ ဇွန်လတုန်းက ၆၉၀၈ ယောက်လာပါတယ်။ အများဆုံကတော့ ဧပြီလပေါ့။ ဧပြီလမှ ၈၈၂၇၂ ဒီနှစ်အတိုင်းအတာမှာပေါ့နော်”ဟု ၎င်းက ပြောသည်။

    ပြည်ပခရီးသွားများတွင် ထိုင်းနိုင်ငံမှ အဓိက လာရောက်လည်ပတ်ကြပြီး ဥရောပဘက်မှ လာရောက် လည်ပတ်သူ မရှိကြောင်း ၎င်းက ဆက်ပြောသည်။

    ကျိုက်ထီးရိုးတောင်ပေါ်သို့ ဘုရားပွဲ ရာသီ မရှိလည်း လာရောက်လည်ပတ်နိုင်ပြီး ခရီးသွားများ တည်းခိုရန်နှင့် စားသောက်နိုင်ရန်အတွက် ပြင်ဆင်ထားကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

    လက်ရှိတွင် ခရီးသွားများ ဘုရားဖူးလာရောက်ရာတွင် အဆင်ပြေစေရန်အတွက် တည်းခိုဆောင်များ နှင့် ထမင်းဆိုင်များကို ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ကျိုက်ထီးရိုးတောင်တော်မှ ဈေးရောင်းသူတစ်ဦးက ပြောသည်။

    “အခုက တောင်ပေါ်မှာ ပြင်ဆင်မှုတွေ လုပ်နေတယ်။ တည်းခိုဆောင်တွေ၊ ထမင်း‌ဆိုင်တွေကိုလည်း ပြန်လည်ပြင်ဆင်ဖို့တွေ ညွှန်ကြားထားလို့ လုပ်နေကြတယ်”ဟု ၎င်းက ပြောသည်။

    ကျိုက်ထီးရိုးတောင်တော်သို့ နှစ်စဉ် ပြည်တွင်းပြည်ပ ခရီးသွား သန်းချီ လာရောက်ဖူးမြော် ကြသော်လည်း လက်ရှိတွင် ကိုဗစ်အခြေအနေ နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ခရီးသွားဝင်ရောက်မှု လျော့ကျလာခဲ့သည်။

    ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို (၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့မှ ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့ထိ) ၉. ၁၀. ၂၀၂၂ ရက်နေ့မှ ၃. ၅. ၂၀၂၃ နေ့အထိ (၇) လတိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ကျိုတ်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှ ထုတ်ပြန်ထားသည်။

    ကျိုက်ထီးရိုးတောင်တော်သို့  နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးသွားများ သုံးသန်းခန့် ပုံမှန် ဝင်ရောက်လေ့ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

    Topics; #ကျိုတ်ထိုမြို့ #ဆံတော်ရှင်ကျိုတ်ထီးရိုး #ပြည်တွင်းပြည်ပ #ခရီးသွားဧည့်သည်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks