Wednesday, March 18, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် ယာယီတံတား ပြိုကျမှု၍ ကုန်တင်ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ

    သံဖြူဇရပ်မြို့နယ်တွင် ယာယီတံတား ပြိုကျမှု၍ ကုန်တင်ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁၆)

    သံဖြူဇရပ်မြို့နယ်တွင် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက လမ်းခင်းကျောက် တင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီး ယာယီတံတားပေါ် ဖြတ်သန်းစဉ် တံတားပြိုကျမှု ဖြစ်ပွားကာ ကုန်တင်ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

    သံဖြူဇရပ်မြိုနယ်မြို့နယ် ဝဲသွန်ချောင်းကျေးရွာမှ အထွက် ပငကျေးရွာသို့ သွားသည့် လမ်းပေါ်တွင် တံတားအသစ်တစ်စင်း တည်ဆောက်နေသောကြောင့် ယာယီတံတားတစ်စင်း ဆောက်ပေးထားခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “ယာယီတံတားပေါ့။ ဘေးမှာက တံတားအသစ်ဆောက်နေတုန်းဆိုတော့ ယာယီတံတား ထိုးထားတာ။ အဲဒါ ကျောက်တင်လာတဲ့ကား ဖြတ်နေတုန်း ပြိုကျတာ”ဟု ၎င်းက ပြောသည်။

    တံတားပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှာ အချိန်ခဏခန့်ကြာအောင် ဖြစ်ပွားခဲ့ကြောင်း သံဖြူဇရပ်မြို့နယ် ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “တန်ချိန်က ၃ တန်ပဲ ခံနိုင်တယ်။ အဲ ယာယီတံတားက ကျောက်တွေပါတဲ့ ဝိတ်ကို မနိုင်ဘဲ ပြိုကျတာ။ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိတော့ မရှိဘူး”ဟု ၎င်းက ပြောသည်။

    ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော ယာဉ်မောင်းနှင့် အတူပါသည့် အမျိုးသမီး တစ်ဦးတို့ကို သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ယာယီတံတား ပြိုကျမှုကြောင့်သံဖြူဇရပ် နှင့် ပငလမ်းကို ဖြတ်သန်းသွားလာမည့် ခရီးသွားများ တစ်ခြားလမ်းမှ သွားခဲ့ရကြောင်း သိရသည်။

    Topics; #သံဖြူဇရပ်မြို့နယ် #ယာယီတံတား #ပြိုကျ #ထိခိုက်ဒဏ်ရာရ

    Photo – စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်း

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks