Thursday, March 19, 2026
More
    spot_img
    Homeသတင်းဓာတ်မြေဩဇာဈေးနှုန်းများ တက်၍ တောင်သူများ အခက်ကြုံ

    ဓာတ်မြေဩဇာဈေးနှုန်းများ တက်၍ တောင်သူများ အခက်ကြုံ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁၅)

    ဓာတ်မြေဩဇာ ဈေးနှုန်းများ ယခင်ထက် ဈေးတက်လာသောကြောင့် မွန်ပြည်နယ်အတွင်းက စိုက်ပျိုးရေးတောင်သူများ အခက်ကြုံနေကြောင်း သိရသည်။

    ယခင်နှစ်က ဓာတ်မြေဩဇာ တစ်အိတ်ကို ၃၀,၀၀၀ ကျပ် ဖြင့် ဝယ်ယူခဲ့ရသော်လည်း လက်ရှိတွင် တစ်အိတ်ကို ၂၁၀,၀၀၀ ကျပ်ထိ မြင့် တက်လာခဲ့ကြောင်း မော်လမြိုင်မြို့နယ်မှ စိုက်ပျိုးရေးတောင်သူတစ်ဦးက ပြောသည်။

    “ဝဲတွေလည်း မထည့်နိုင်တော့ဘူး။ တစ်အိတ်ကို နှစ်သိန်းကျော်ဆိုတော့ ဘယ်လိုမှ မဝယ်နိုင်တော့ဘူး။ အရင်လိုလည်း မထည့်နိုင်တော့ဘူး။ မထည့်တော့ အသီးအထွက်နှုန်းက ကျပြီလေ”ဟု ၎င်းက ပြောသည်။

    လာမည့်နှစ်တွင် အသီးအထွက်နှုန်း ကျဆင်းပါက တောင်သူများအတွက် ဝင်ငွေထိခိုက်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ဒေါ်လာဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ ဓာတ်မြေဩဇာအပါအဝင် စိုက်ပျိုးရေးသုံး ပစ္စည်းများလည်း ယခင်ထက် သုံးဆခန့် ဈေးတက်နေကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးတောင်သူများသည် ပြည်ပမှ တင်သွင်းသော ဓာတ်မြေဩဇာ အမျိုးအစားကိုသာ အများဆုံးအသုံးပြုကြကြောင်း စိုက်ပျိုးရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    “ပြည်ပက ဝင်လာတာ သုံးကြတယ်။ ပိုကောင်းတယ်။ အထွက်နှုန်းပိုများတယ်ဆိုပြီး သုံးကြတာပေါ့။ အခုကျတော့ ဈေးတွေက အရမ်းတက်လာတော့ ဝယ်သုံးဖို့ အဆင်မပြေကြတော့ဘူး။ အရင်လို့ မထည့်နိုင်တော့ဘူးလေ။ လာမယ့်နှစ်တော့ အထွက်နှုန်းကျရင် တောင်သူတွေအတွက် တော်တော်ထိခိုက်နိုင်တယ်”ဟု ပြောသည်။

    စိုက်ပျိုးရေးသုံး ပစ္စည်းများအပြင် အလုပ်သမားစရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်လည်း ကြီးမြင့်လာကြောင်း၊ ဈေးနှုန်းများ ဆက်လက်မြင့်တက်နေမည်ဆိုပါက တောင်သူများ အထိနာလာမည်ဖြစ်ကြောင်း တောင်သူများက ပြောသည်။

    မွန်ပြည်နယ်အတွင်း ရော်ဘာ၊ ကွမ်းသီး၊ ကျွဲကော၊ ဒူးရင်း၊ နာနတ်၊ မင်းဂွတ်နှင့် သံပုရာ စသည့် အသီးအနှံ့များကို အဓိက စိုက်ပျိုးကြကြောင်း သိရသည်။

    Topic; #ဓာတ်မြေသြဇာ #မွန်ပြည်နယ် #စိုက်ပျိုးရေးတောင်သူ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks