Thursday, March 19, 2026
More
    spot_img
    Homeသတင်းအစာနှင့်ဆေးဝါးစျေးနှုန်းကြီးမြင့်လာမှုကြောင့် မွန်ပြည်နယ်ကြက်ဘဲ မွေးမြူရေးလုပ်ငန်းများ ထက်ဝက်ကျော်ရပ်နားလိုက်ရဟုဆို

    အစာနှင့်ဆေးဝါးစျေးနှုန်းကြီးမြင့်လာမှုကြောင့် မွန်ပြည်နယ်ကြက်ဘဲ မွေးမြူရေးလုပ်ငန်းများ ထက်ဝက်ကျော်ရပ်နားလိုက်ရဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁၄)

    မွေးမြူရေးလုပ်ငန်းသုံး အစာနှင့် ဆေးဝါးဈေးနှုန်းများ ဈေးမြင့်တင်လာသောကြောင့် မွန်ပြည်နယ်အတွင်း ကြက်ဘဲမွေးမြူရေးလုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းထက်ဝက်ကျော် ရပ်နားလာပြီဖြစ်ကြောင်း ပြည်နယ်မွေးမြူရေးလုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်း စီးပွားဖြစ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၃၀၀ ခန့်ရှိသော်လည်း လက်ရှိတွင် ဆက်လက်လုပ်ကိုင်နေသူ ၃၀ ကျော်သာ စာရင်းရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

    “‌လုပ်ငန်းရှင်တွေက တောင့်မခံနိုင်တော့ဘူး။ သူတို့ ကုန်ကျတာနဲ့ ပြန်ရတာနဲ့က ဘယ်လိုမှ မကာမိဘူး။ ‌ထုတ်လုပ်မှု ကုန်ကျစရိတ်က တစ်ရက်နဲ့ တစ်ရက် ပိုပိုတက်လာတာလည်းပါတယ်”ဟု ၎င်းက ပြောသည်။

    မွေးမြူရေးလုပ်ငန်းသုံးအစာဈေးနှုန်းနှင့် ဆေးဝါးဈေးနှုန်းများ ယခင်ထက် သုံးဆခန့် မြင့်တက်လာခဲ့ကြောင်း မော်လမြိုင်မှ ကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    မွေးမြူရေးသုံး အစာဈေးနှုန်းများသည် ယခင်တွင် တစ်အိတ် ၂၀၀၀၀ မှ ယခုတွင် ၇၃၀၀၀ကျပ်ထိ မြင့်တင်လာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    “ရာသီအကူးအပြောင်းဆို ရောဂါတွေက ကျတယ်။ အဲလိုအချိန်ဆို ဆေးတွေ ကျွေးရတယ်။ အဲအချိန်ဆိုလည်း ကုန်တယ်။ အစာဝယ်ရင်လည်း ကုန်တယ်။ အမြတ်ထက် အရင်းက ပိုကုန်တယ်”ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရန်ထက် လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ရန်အတွက် ရပ်နားသွားသူများသာ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း ကြက်၊ ဝက်၊ ဘဲကိုသာ အများဆုံး မွေးမြူကြပြီး ဆိတ်၊ နွားနှင့် ငုံးကို တစ်နိုင်‌တစ်ပိုင် မွေးမြူကြကြောင်း သိရသည်။

    Topics; #မွန်ပြည်နယ် #မွေးမြူရေး #ဈေးနှုန်းမြင့်မား #ရပ်နား #အစာနှင့်ဆေးဝါး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks