spot_img
Wednesday, October 8, 2025
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့နယ်အတွင်း wave money ထုတ်ပေးသည့် ဆိုင်တစ်ချို့ ရပ်နား

    မော်လမြိုင်မြို့နယ်အတွင်း wave money ထုတ်ပေးသည့် ဆိုင်တစ်ချို့ ရပ်နား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁၂)

    နစကကောင်စီဘက်မှ ငွေသားထုတ်ပေးနေသော ဆိုင်များကို ကန့်သတ်ချက်များ သတ်မှတ်လိုက်သောကြောင့်မော်လမြိုင်မြိုနယ်အတွင်းရှိ wave money ဆိုင်တစ်ချို့ ရပ်နားထားကြောင်း သိရသည်။

    Wave money ဆိုင်များအနေဖြင့် CCTV တပ်ဆင်းထားရန်၊ ငွေထုတ်ယူမည့်သူ၏ မှတ်ပုံတင်ကို စစ်ဆေးရန် နှင့်ဆိုင်အတွင်း CCTV မရှိပါက ငွေထူတ်ယူမည့်သူကို ဓာတ်ပုံရိုက်ယူထားရန် စက်တင်ဘာလ ၃ ရက်က ညွှန်ကြားထားကြောင်း ‌ငွေသားထုတ်ပေးနေသူ တစ်ဦးက ပြောသည်။

    “သူ့သတ်မှတ်ချက်ကြီးက အဆင်မပြေဘူးလေ။ ဓာတ်ပုံရိုက်ထားရမယ်ဆိုတာကြီးကို ဘယ်သူက လက်ခံမှာတုန်း။အဲလိုပြောလိုက်ရင် လူတွေကလည်း မထုတ်တော့ဘူး။ ပုံတော့ အရိုက်မခံဘူးလေ။ အဲတော့ မထုတ်ပေးတော့ဘူး။ငွေသားမရှိဘူးပဲ ပြောလိုက်တယ်”ဟု ၎င်းက ပြောသည်။

    ထို့ပြင် ငွေသားထုတ်ပေးနေသည့် ဆိုင်များကို စစ်ဆေးမှုများ၊ မှတ်တမ်းတောင်းယူခြင်းများ စသည့်ဖြင့် စစ်ဆေးမှုများလည်း မကြာခဏလုပ်ဆောင်လာကြောင်း ဆက်ပြောသည်။

    ဆိုင်ခန်းငယ် ဖွင့်ထားသူများအတွက် CCTV တပ်ဆင်ရန် မလွယ်ကူကြောင်း မြိုင်သာယာရပ်ကွက်မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

    “အမတို့ဆိုင်ကျတော့ အိမ်ဆိုင်လေး သေးသေးလေးပဲဆိုတော့ CCTV တပ်ဖို့က အဆင်မပြေဘူး။ ငွေလာထုတ်သူကိုလည်း ဓာတ်ပုံရိုက်မယ်နော်ဆိုလည်း အဆင်မပြေဘူးလေ။ အဲတော့ ရပ်ထားလိုက်တယ်”ဟု ပြောသည်။

    ငွေထုတ်ပေးနှင့် ပတ်သတ်ပြီး စည်းကမ်းဖြေလျော့သည့်အချိန်မှသာ ပြန်လည်လုပ်ကိုင်ရန် စီစဉ်ထားကြောင်းဆက်ပြောသည်။

    Wave money ဖြင့် ငွေသားထုတ်ယူခဲ့သူတစ်ဦးက “စက်ရုံက ငွေလွဲမှာ အဲဒါ ထုတ်ချင်တာ။ မှတ်ပုံတင်မပါလို့ မထုတ်ပေးဘူး။ ဘယ်ကလွဲတာလဲ။ ဘာလုပ်တာလဲ။ ဘယ်မှာနေတာလဲ။ အဲလိုတွေလည်းမေးတယ်”ဟု ပြောသည်။

    လက်ရှိ နစကကောင်စီ၏ စည်းကမ်းတင်းကြပ်မှုကြောင့် ငွေလွှဲထုတ်ပေးသည့် ဆိုင်များသာမက ငွေလွှဲထုတ်သူများအတွက်လည်း အခက်အခဲဖြစ်ရကြောင်း သိရသည်။

    Topics; #Wavemoney #မော်လမြိုင် #ရပ်နား #မူးယစ်ဆေးဝါး #CCTV

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,300SubscribersSubscribe
    spot_img

    Latest posts