spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းဇင်းကျိုက်တွင် လူ ၂၀ ကျော် ခွေးရူးကိုက်ခံရ

    ဇင်းကျိုက်တွင် လူ ၂၀ ကျော် ခွေးရူးကိုက်ခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ၊ ၁၂)

    ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ပန်းကုန်းကျေးရွာတွင် စက်တင်ဘာ ၁၁ ရက် နံနက် ၆ နာရီခွဲခန့်က ဆွမ်းခံကြွနေသည့်ကိုရင်အပါအဝင် လမ်းသွားလမ်းလာပြည်သူ ၂၀ ကျော်ကို လမ်းဘေးခွေးလေခွေးလွင့်တစ်ကောင်မှ လိုက်လံကိုက်ခဲ့ကြောင်း မြို့ခံတချို့ထံမှ သိရသည်။

    ပန်းကုန်းကျေးရွာ ရန်ကုန် – မော်လမြိုင်အဝေးပြေးကားလမ်းဘေးတစ်လျှောက်တွင် ပြေးလွှားနေသည့် လမ်းဘေးခွေးတစ်ကောင်မှ မြင်သမျှလူတိုင်းကို လိုက်လံကိုက်ခဲ့ခြင်း ဖြစ်ပြီးဖြစ်သည်။

    “မနက်အစောပိုင်းမှာ အဲခွေးက တွေ့ကရာလူတိုင်းကို လိုက်ကိုက်တာ၊ လူတစ်ယောက်နှစ်ယောက် ကို အရင်ကိုက်တယ်၊ ကိုရင်တစ်ပါးဆွမ်းခံကြွနေရင်း ဝင်ကိုက်တယ်၊ ကားလမ်းမကြီးဘေးတစ်လျှောက် တွေ့ကရာလူတိုင်းကို ဝင်ကိုတာပဲ၊ အယောက် ၂၀ ကျော်ကိုက်ခံရတယ်။ အဲဒီခွေးက ခွေးရူးဟုတ်မဟုတ်တော့မသိဘူး၊ ခွေးရူးဖြစ်လို့ ဒီလိုလိုက်ကိုက်တာလို့ ထင်တယ်။ ခွေးကိုတော့ ရွာသားတွေ ရိုက်သတ်လိုက်ပြီ” ဟု ဇင်းကျိုက်မြို့ခံတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    ကျန်းမာရေးဌာန၏ စစ်ဆေးချက်အရ ယင်းခွေးမှာ ခွေးရူးပြန်ရောဂါစတင်ဖြစ်ပွားသည့် လက္ခဏာများ ကို စတင်ဖြစ်ပွားနေပြီးဖြစ်သည့်အတွက်  ခွေးကိုက်ခံထားရသည့် ကိုရင်အပါအဝင်ဒေသခံ ၂၁ ဦးကို ပေါင်မြို့ပြည်သူ့ဆေးရုံမှာ ခွေးရူး ကာကွယ်ဆေးထိုးနှံပေးထားပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

    လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကလည်း ပေါင်မြို့ပေါ် ကဒါရပ်ကွက်တွင် ခွေးရူးတစ်ကောာင်မှ ဒေသခံပြည်သူ ၁၅ ဦးကိုလိုက်လံကိုက်ခံသည့်ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဖူးကြောင်း မြို့ခံတွေထံ မေးမြန်းချက်အရ သိရသည်။

    ခွေးရူးကိုက်ခံရသူများအနေဖြင့် အစပိုင်း တစ်ရက်နှစ်ရက်အတွင်း စိတ်ညိုးငယ်ခြင်း၊ တည်ငြိမ်မှု မရှိခြင်း၊ အလွန်ကြောက်ရွံ့ခြင်း စသော လက္ခဏာများတွေ့လာရသလို လူနာစကားပြောပုံလည်း စတင် ပြောင်းလဲလာတက်ကြောင်း သိရသည်။

    ထို့နောက် လူနာမှာ အဖျားဝင်ခြင်း၊ စားသောက်ချင်စိတ်မရှိခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ သက်ပြင်းချ၍ အသက်ရှူခြင်း စသော လက္ခဏာများကိုလည်း ထပ်မံ ဖြစ်ပေါ် လာပြီး လူနာသည် ၂ ရက် သို့မဟုတ် ၃ ရက်မျှ ဝေဒနာကို ထပ်မံခံစားပြီးနောက် အသက်သေဆုံးသွား သည်အထိ ဖြစ်ပွားနိုင်ကြောင် းမွေးကုဆရာဝန်များ၏ ပြောဆိုချက်အရ သိရသည်။

    ဓါတ်ပုံ – ခွေးရူး ကာကွယ်ဆေးထိုးနှံနေသည့် မြင်ကွင်း (Paung Daily)

    Topics; #ပေါင်မြို့နယ် #ဇင်းကျိုက် #ခွေးရူး #ကာကွယ်ဆေး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks