spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့တွင် ဆရာတော်တစ်ပါး ဆိုင်ကယ်ပေါ် ပြုတ်ကျပြီး ပျံလွန်

    သံဖြူဇရပ်မြို့တွင် ဆရာတော်တစ်ပါး ဆိုင်ကယ်ပေါ် ပြုတ်ကျပြီး ပျံလွန်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၆)

    သံဖြူဇရပ်မြို့  သုသာန်အလွန် ကျိုက္ခမီ-စက်စဲသွားလမ်းမကြီးတွင် စက်တင်ဘာ ၄ ရက်နေ့ ညနေ ၃ နာရီခွဲခန့်ကဆရာတော်တစ်ပါး ဆိုင်ကယ်အပေါ်ပြုတ်ကျမှုကြောင့် ပျံလွန်တော်မှုခဲ့ကြောင်း သိရသည်။

     လူမူကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက”ဆိုင်ကယ်အနောက်ကို ပြန်လှန်ပြုတ်ကျသွားတယ်။ ဦးခေါင်းအနောက်ကိုထိခိုက်သွားတယ်။ မော်လမြိုင် ဆေးရုံးရောက်တော့ ဆုံးသွားတယ်” ဟု ပြောသည်။

    အဆိုပါ ဖြစ်စဉ်ကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိပြီး သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းထို့နောက် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသနေစဉ်  ယမန်နေ့ စက်တင်ဘာ ၅ ရက်နေ့ မနက် ၁၀နာရီတွင် ပျံတော်မူခဲ့ကြောင်း သိရသည်။

    ဆရာတော်​၏ ရုပ်အလောင်းအား သံဖြူဇရပ်မြို့တောင်ဖလုကျေးရွာ ဘုန်းကြီးကျောင်းသို့ စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ  ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks