spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်-ရေးကားလမ်းပေါ်တွင် မြန်မာစစ်တပ် ဒုအရာခံဗိုလ်တစ်ဦးအပါအဝင်တပ်ဖွဲ့ဝင် ၈ ဦးကို ကရင် KNLA ပူးပေါင်းအဖွဲ့ဖမ်းမိ

    သံဖြူဇရပ်-ရေးကားလမ်းပေါ်တွင် မြန်မာစစ်တပ် ဒုအရာခံဗိုလ်တစ်ဦးအပါအဝင်တပ်ဖွဲ့ဝင် ၈ ဦးကို ကရင် KNLA ပူးပေါင်းအဖွဲ့ဖမ်းမိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၅)

    သံဖြူဇရပ်မြို့နယ် အခြေစိုက် အမှတ် (၄) တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်း(ဝဲကလိ) မှ ရေးမြို့တပ်ရင်းသို့ အရပ်ဝတ်အိမ်စီးကားဖြင့် ပြန်လာသည့် မြန်မာစစ်တပ် ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၈ ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။

    သံဖြူဇရပ်နှင့် ရေးမြို့နယ်အဝေးပြေးကားမပေါ်တွင် စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က လုံခြုံရေးဆောင်ရွက်နေသည့် KNLA ပူးပေါင်းအဖွဲ့ တောင်ညိုစစ်ကြောင်းက စစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း အမည်ဖော်ပြခွင့်မရှိသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

    အဆိုပါအုပ်ချုပ်ရေးမှူးက “ဝဲကလိကနေ ပြန်လာတဲ့ သူတို့အဖွဲ့က သူတို့မှာ ဘာမှမပါတော့ အဖမ်းခံရတာပေါ့။ အဲကားလမ်းပေါ် ကရင်စစ်သားတွေစစ်နေတဲ့ အချိန်မှာ အရပ်ကားနဲ့ စစ်သေတ္တာနဲ့ဆိုတော့မိသွားပြီး ဖမ်းသွားတာပေါ့” ဟု ပြောသည်။

    ၄င်းတို့စီးနင်းလိုက်ပါလာသည့် အရပ်သားအိမ်စီးနှင့်အတူ ၄င်းတို့၏အသုံးအဆောင်ပစ္စည်းများနှင့် သေတ္တာများကိုပါ ဖမ်းဆီးရမိကြောင်း သိရသည်။

    ရေးမြို့အခြေစိုက် ခမရ ၃၄၃ မှ ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် တပ်သား ၄ ဦးနှင့် ခလရ ၆၁ မှ တပ်သား ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

    သို့ရာတွင် အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်ရင်းများထံ မွန်သတင်းအေဂျင်စီအနေဖြင့်အတည်ပြုနိုင်ခြင်း မရှိသေးပါ။

    လမ်းခရီးမိုင် ၅၀ ခန့်အကွာအဝေးရှိသည့် သံဖြူဇရပ်-ရေးကားလမ်းမကြီး၏အရှေ့ဖက်ခြမ်း၌ ကရင်ကျေးရွာများနှင့် အနောက်ဖက်ခြမ်းတွင် မွန်ကျေးရွာများတည်ရှိနေသည်။

    ရေးမြို့နယ် မလွှဲတောင်မှ သံဖြူဇရပ်မြို့နယ်အထိ မော်တော်ကားလမ်းပေါ်တွင် ကားမှန်တံခါးချရန်၊ အမဲရောင်စတေကာ တပ်ဆင်ခြင်းမပြုရန်၊ တာလပတ် မကာထားရန်နှင့် စစ်တပ်ကားတန်းများနှင့်ယှဉ်တွဲပြီး ကပ်မလိုက်ကြရန် သြဂုတ် ၁၈ ရက်က ရေးပြောက်ကျားတပ်ဖွဲ့ (YGF) အဖွဲ့ထုတ်ပြန်သကဲ့သို့ မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ကလည်း ရေး-သံဖြူဇရပ် ကားလမ်းပိုင်းကို ည ၉ နာရီခွဲအချိန်မှ နံနက် ၄ နာရီအတွင်း မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းသွားခြင်း လုံးဝ(လုံးဝ) မပြုရန် အသိပေးထုတ်ပြန်ထားကြောင်း Online ပေါ်က ထုတ်ပြန်ချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks