spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့မရဲစခန်းကို MSDF-S လာရောက်ပစ်ခတ်

    ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့မရဲစခန်းကို MSDF-S လာရောက်ပစ်ခတ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၁)

    ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့မရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း) MSDF-S တပ်ဖွဲ့က ယနေ့နံနက်တွင် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

    “မနက် ၆ နာရီလောက်မှာ ကားတစ်စီးနဲ့ လာပစ်သွားတယ်လို့ သိရတယ်၊ နောက်တော့ ရဲကလည်း ပြန်ပစ်တာကြားတယ်” ဟု ခေါ်ဇာမြို့ခံတစ်ဦးက ပြောသည်။

    MSDF-S တပ်ဖွဲ့က ဆင်ဖြူစစ်ဆင်ရေးအမည်ဖြင့် ပထမဦးဆုံးလာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ခဲ့၍ ရဲစခန်းက သေဆုံးသူများရှိခဲ့သည်ဟု လူမှုကွန်ယက်စာမျက်နှာများတွင် ရေးသားဖော်ပြသော်လည်း မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

    အလားတူ ရေးမြို့မရဲစခန်းကိုလည်း ရေးဘီလူးအဖွဲ့က ဆိုင်ကယ်နှစ်စီးလူလေးယောက်ဖြင့် ဇူလိုင်လကုန်ပိုင်း နေ့လယ်ခင်းပိုင်တွင် လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

    Topics; #ရေးမြို့နယ် #ခေါဇာမြို့မရဲစခန်း #မွန်ပြည်ကာကွယ်ရေးတပ် #ပစ်ခတ်တိုက်ခိုက်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks